အာဖရိက အငတ်ဘေး

  • 2 ဩဂုတ် 2011
jp_amos ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ အရာရှိ Valerie Amos

ကုလသမဂ္ဂ လူသားချင်း စာနာ ကူညီမှု ဆိုင်ရာ တာဝန်ခံ Valerie Amos က အာဖရိက ဦးချိုဒေသ မှာ ဖြစ်ပွားနေတဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာဟာ ကြီးထွား နေရာမှာ လူပေါင်း ၁၂ သန်းကျော်ဟာ အကူအညီ အရေးပေါ် လိုအပ် နေကြောင်း သတိပေး လိုက်ပါတယ်။ ထောက်ပံ့မှု ပမာဏ ကို တိုးမြှင့်မှု မပြုဘူးဆိုရင် အငတ်ဘေး ပြဿနာဟာ စစ်ဒဏ်ခံ ဆိုမားလီးယား နိုင်ငံတွင်းရှိ ဒေသ ၅ခု ၆ ခု အထိ ပြန့်နှံ့ ကူးစက်နိုင်ကြောင်း Ms Amos က ပြောပါတယ်။

ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ကြီး ကတော့ တောင်ပိုင်း နဲ့ အလယ်ပိုင်း ဆိုမားလီးယား ဘက်မှာ ဒီနှစ်စ ပိုင်း က စလို့ တသိန်းခြောက်သောင်းကျော် ရှိ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေး နေရာ မှာ အခုတိုင် ပေးနေ ရဆဲ ဖြစ်ပါတယ်။