မြန်မာကလေးငယ်တွေကို ကာကွယ်ဖို့ HRDP ပြန်ကြား

  • 2 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဇွန်၊ ဇူလိုင် ၂ လအတွင်း အမျိုးသမီးကလေး ငယ် အဓမ္မ ပြုကျင့်ခံရမှု ၁၀ ခုရှိခဲ့

လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် HRDP က မြန်မာ နိုင်ငံမှာ ကလေး သူငယ်တွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား ရှိနေတဲ့ အတွက် ကလေးသူငယ်တွေကို အကာ အကွယ်ပေးကြဖို့ မေတ္တာ ရပ်ခံ ပန်ကြား လိုက်ပါတယ်။

HRDP မှ ဦးမောင်မောင်လေးက မြန်မာနိုင်ငံ မှာအမျိုးသမီး ကလေးငယ်တွေနဲ့ အမျိုးသား ကလေးငယ်တွေဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေကြရတယ်လို့ ပြောပါတယ်။

ဇွန် ဇူလိုင်လ ၂ လအတွင်း သူတို့ဆီ ရောက်လာတဲ့ အရွယ်မရောက်သေးသူ အမျိုးသမီး ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတဲ့ အမှု ၁၀ ခုရှိတယ်လို့ သူကဆိုပါတယ်။

အမျိုးသား ကလေးငယ်တွေ ကတော့ ကလေးစစ်သားအဖြစ် အဓမ္မ စုဆောင်းခံနေရပြီး၊ ၂ လအတွင်းမှာ ၁၈ မှု ရှိတယ်လို့လည်း ပြောပါတယ်။

အခုလိုကိစ္စရပ်တွေကို ဖြေရှင်းတဲ့ နေရာမှာ၊ အမျိုးသမီးကိစ္စတွေကိုတော့ သက်ဆိုင်ရာ ပြည်နည်အစိုးရတွေကို အကြောင်းကြားတာတွေ၊ နောက်ပြီး တရားရုံး ဘက်ကို တင်တာ တွေလည်း ရှိကြောင်း ဦးမောင်မောင်လေးက ပြောပါတယ်။ အမျိုးသား ကလေးငယ်တွေ အတွက်တော့ ILO နဲ့ချိတ်ဆက်ပြီး ဆောင်ရွက် တယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် ကလေးသူငယ်တွေကို အကာကွယ်ပေးထားတဲ့ ဥပဒေတွေနဲ့အညီ အခု ဖြစ်နေတဲ့ ကိစ္စရပ်တွေအပေါ် ကူညီဆောင်ရွက်ပေးဖို့ အစိုးရအပါအဝင် နိုင်ငံရေးပါတီများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနဲ့ ပြည်တွင်းမှာရှိတဲ့ လူမှုအသင်းအဖွဲ့အသီးသီးကို မေတ္တာ ရပ်ခံတာ ဖြစ်တယ်လို့ ဦးမောင်မောင်လေးက ပြောပါတယ်။