အီတလီနိုင်ငံတွင်း ခိုးဝင်ကြသူများ သေဆုံး

  • 2 ဩဂုတ် 2011
_migrants_lampedusa ဓာတ်ပုံ မူပိုင် Getty Images
Image caption အီတလီ သို့ ရေကြောင်းနဲ့ ခိုးဝင်သူများ

အီတလီ အာဏာပိုင်တွေက မြောက်အာဖရိက ဘက်ကနေ အီတလီ ပိုင် လမ်ပီဒူဆာ ကျွန်းဆီကို မြေထဲပင်လယ် ကို ဖြတ်ကူး လာတဲ့ သင်္ဘော ဝမ်းဗိုက် ကုန်ခန်း ထဲမှာ လူသေ အလောင်း ၂၅ လောင်း တွေ့ကြောင်း ပြောပါတယ်။

သေဆုံးသူတွေဟာ အာဖရိက ဆာဟာရ ဒေသ တဝိုက်က လူငယ်တွေ ဖြစ်ပုံရကြောင်း ပြောပါတယ်။ ၁၅ မီတာ ပဲ ရှိတဲ့ အဆိုပါ သင်္ဘောဟာ လူပေါင်း ၃ဝဝ ခန့်ကို လစ်ဗျားဘက်ကနေ လွန်ခဲ့တဲ့ ၂ ရက်က သယ်ဆောင် ထွက်ခွာလာတာ ဖြစ်ကြောင်း အသက်ရှင် ကျန်ရစ်သူတွေ က ပြောပါတယ်။

နောက်သတင်း တရပ်ကတော့ တောင်ပိုင်း အီတလီ ဘာရီ ဆိပ်ကမ်းရှိ ယာယီ လူဝင်မှု ထိန်းသိမ်းရေး စခန်းမှာလဲ အဓိကရုဏ်း ဖြစ်မှုကြောင့် လူပေါင်း ၃၅ ဦး ဒဏ်ရာ ရကြပါတယ်။ ခိုလှုံခွင့် တောင်းခံသူ တွေဘက်က အစောင့်ရဲ တွေကို ခဲတွေနဲ့ ပေါက်ရာမှာ တဘက်ကလဲ မျက်ရေယို လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ် ကြလို့ပါ။