မူဘာရက်ကို ရုံးထုတ်ပြီ

  • 3 ဩဂုတ် 2011

အီဂျစ် သမ္မတဟောင်း ဟိုဆနီ မူဘာရက်ကို အဂတိ လိုက်စားမှု၊ ဆန္ဒပြသူတွေကို သတ်ဖြတ်ဖို့ အမိန့် ပေးခဲ့မှု စတဲ့ စွဲချက်တွေနဲ့ ဗုဒ္ဓဟူးနေ့က ရုံးထုတ်ခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အမှု ရင်ဆိုင် လောက်တဲ့ ကျန်းမာရေး အခြေ အနေ မရှိဘူး လို့ ရှေ့နေ တွေ ပြောခဲ့ကြ

မစ္စတာ မူဘာရက်ကို ဆေးရုံ အရေးပေါ် လူနာတင်ကားနဲ့ ကိုင်ရို မြို့တော်က တရားရုံးကို ခေါ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။

အခု လောလောဆယ် မှာတော့ တရားရုံး ကြားနာမှုတွေကို ခေတ္တ ရပ်နားထား ပါတယ်။

စောစောပိုင်းက မစ်စတာ မူဘာရက်အပါအဝင် တရားခံ အဖြစ် စွပ်စွဲခံထားရသူ ဆယ်ယောက်ရဲ့ ရှေ့နေတွေကို တရားရုံး အတွင်းမှာ စည်းကမ်း တကျ ငြိမ်သက်မှု ရှိအောင် ထိန်းသိမ်း နိုင်ဖို့ တရားရုံးက တရားသူကြီးမှာ အခက်အခဲ ရှိခဲ့တာ တွေ့ရပါတယ်။