တရုတ်က အစားအစာ ထုတ်လုပ်ရေး စက်ရုံတွေ အပိတ်ခံရ

  • 4 ဩဂုတ် 2011
China Food ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်ဖက်ထုပ်ကြော်

တရုတ်နိုင်ငံမှာ ဧပြီလက စခဲ့တဲ့ အစိုးရရဲ့ အစားအစာ အန္တရာယ် ကင်းရှင်းရေး အစီ အစဉ်အရ နောက်ထပ် လူ ၂ ထောင်ကို ဖမ်းဆီး လိုက်တယ်လို့ အာဏာပိုင်တွေက ပြော ပါတယ်။ နောက်ပြီး စီးပွားရေး လုပ်ငန်း ၅၀၀၀ ကိုလည်း ပိတ်လိုက် ပါတယ်။

အစိုးရရဲ့ အစားအစာ အန္တရာယ်ကင်းရှင်းရေး ကော်မရှင်ကနေ လုပ်ငန်းပေါင်း ၆ သန်းကို စုံစမ်း စစ်ဆေးခဲ့ပြီး တချို့ စက်ရုံနဲ့ သိုလှောင်ရုံ တွေမှာ အစားအစာ တွေထဲကို တရားမဝင် ပစ္စည်းတွေ ထည့်သွင်းခဲ့တဲ့အတွက် ပိတ်ပစ် ခဲ့ပါတယ်။

ပိတ်ပင်ခံရတဲ့ အစားအစာ ထုတ်လုပ်ရေး စက်ရုံတွေထဲမှာ နွားနို့၊ ပေါက်စီနဲ့ ဝက်သား ထုတ်လုပ်တဲ့ စက်ရုံတွေ ပါဝင်ပါတယ်။

အခုလို့ အစိုးရက အရေးယူတာဟာ အစားအစာတွေနဲ့ ပတ်သက်ပြီး လူထုကနေ အစိုးရရဲ့ လုပ်ကိုင် ဆောင်ရွက်ပုံကို မယုံမကြည် ဖြစ်နေတဲ့ အချိန်မှာ လုပ်တာလည်း ဖြစ်တယ်လို့ ဘေဂျင်းက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

၂၀၀၈ တုန်းက တရုတ် နို့ထွက် ပစ္စည်းတွေကြောင့် အနည်းဆုံး ကလေး ၆ ဦးသေဆုံးပြီး ထောင်နဲ့ချီပြီး ဖျားနာခဲ့ ကြပါတယ်။