ငွေကြေးစျေးကွက် ဂယက်

  • 5 ဩဂုတ် 2011
stock market ဓာတ်ပုံ မူပိုင် BBC World Service
Image caption အထိတ် တလန့် ငွေကြေးစျေးကွက်

ငွေကြေး စျေး ကွက် ရက်သတ္တပတ် လောက် အတက်အကျ တွေ များနေခဲ့ပြီး တဲ့ နောက် ဥရောပ သမဂ္ဂ ရဲ့ ငွေကြေးဆိုင် ဌာန က ကော်မရှင် နာ အော်လီ ရမ်း က ကမ္ဘာ့ ငွေကြေး စျေးကွက် အပေါ် ထပ်မံ အာမခံလိုက် ပါတယ်။

ယူရို ငွေကြေးသုံး နိုင်ငံ တွေရဲ့ စီးပွားရေးတွေ မငြိမ်နိုင် ဘူးလို့ ကြောက်ရွံ့ စိုးရိမ် နေကြမှု တွေ ကို သူ က ကြောင်းကျိုးဆီလျော်မှု မရှိ ဘူး လို့ ပြော ပြီး မစိုးရိမ် ဖို့ ပြော ပါတယ်။

စပိန်နိုင်ငံ နဲ့ အီတလီ နိုင်ငံ တို့ ရဲ့ ဆိုင်ရာ အကြွေးတွေ ကို လျော်ပစ် တော့မယ် ဆိုတဲ့ သတင်း တွေကို သူ က ပယ်ချ လိုက်ပါတယ်။

အမေရိကန် အလုပ်လက်မဲ့ နှုန်း က လည်း မှန်းထားတာထက် မြင့်တယ် လို့ လည်း သူ က ဆိုပါတယ်။

သူ အခု လို ပြောကြားချက် ထွက်လာပြီး တဲ့ နောက် ဥရောပ စတော့ စျေးကွက် မှာ စျေးတွေ ပြန်တက် လာပါတယ်။

အမေရိကန် က စတော့စျေးကွက် မှာ လည်း စျေးတွေ အနည်းငယ် ပြန်တက် လာပါတယ်။

ကြာသပတေးနေ့ က အမေရိကန် အလုပ်လက်မဲ့ နှုန်း မြင့်မားတယ် ဆိုတဲ့ အစီရင်ခံစာ ထွက်လာတော့မယ် ဆိုတဲ့ သတင်း တွေ ထွက်လာခဲ့ပြီး တဲ့နောက် အမေရိကန် က ရှယ်ယာ တွေ အစုလိုက် အပြုံလိုက် ရောင်းထုတ် ကြလို့ ရှယ်ယာ စျေးတွေ ထိုးကျ ခဲ့ပါတယ်။