ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်

  • 5 ဩဂုတ် 2011
ယင်းလပ် ဓာတ်ပုံ မူပိုင် BBC World Service
Image caption လူထု စားဝတ်နေရေး စားရိတ် သက်သာဖို့ ဦးစားပေး လုပ်မယ် လို့ ဆိုတဲ့ ဝန်ကြီးချုပ်

ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ကို ထိုင်း ပါလီမန် လွှတ်တော်က အတည်ပြု ခန့်အပ် လိုက်ပါပြီ။

ဝန်ကြီးချုပ် ယင်းလပ်ရဲ့ ပါတီဟာ ပြီးခဲ့တဲ့ဇူလိုင် က ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နဲ့ အနိုင် ရ ခဲ့ပါတယ်။

မစ္စ ယင်းလပ် ဟာ ၂၀၀၆ မှာ စစ်အာဏာသိမ်းမှု ကြောင့် ဝန်ကြီးချုပ် နေရာ က ဆင်းပေး လိုက်ရ တဲ့ မစ္စတာ သပ်ဆင် ရှင်နာဝပ် ရဲ့ ညီမငယ် လည်း ဖြစ်ပါတယ်။

အကဲခတ်တွေ က ဝန်ကြီးချုပ် ယင်းလပ် အနေနဲ့ နိုင်ငံရေး ကို ကိုယ်တိုင် ဦးဆောင် လုပ်နိုင် ပါ့မလားလို့ ဝေဘန် နေကြပြီး၊ မစ္စတာ သပ်ဆင်အနေနဲ့ ဝန်ကြီးတွေ ရွေးတာက အစ နိုင်ငံ ရေးပေါ်လစီ တွေကို ချမှတ်တဲ့ အထိ နောက်ကွယ်ကနေ ကြိုးကိုင် နေတယ်လို့ အများက ထင်မြင်ချက် ပေးနေ ကြပါတယ်။

ဝန်ကြီးချုပ် မစ္စ ယင်းလပ် ကတော့ ဒါတွေ ကို ငြင်းဆို ပါတယ်။

သူ က လူထု စားဝတ်နေရေး ဝန်ထုပ်ဝန်ပိုး လျော့ကျနိုင်ရေး အတွက် ဦးစားပေးဆောင်ရွက် မယ့် အကြောင်း ပြောပြီး၊ အတူပူးပေါင်း ဆောင်ရွက် ကြဖို့ နိုင်ငံရေးသမား တွေကို ပန်ကြား လိုက်သလို သူ့ရဲ့ လုပ်ကိုင်နိုင်စွမ်းကို ပြသ နိုင်ဖို့ အတွက် သူ့ကို အချိန် ပေးပါလို့ လည်းဆို ပါတယ်။