ဥရောပ ဗဟိုဘဏ် အီတလီနဲ့ စပိန်ကို ကယ်မယ်

  • 8 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption European Central Bank က အီတလီနဲ့ စပိန်ရဲ့ ငွေတိုက် စာချုပ် ဝယ်တော့မယ်

ကြွေးမြီ ပြဿနာ အကြီးအကျယ် ရင်ဆိုင်နေ ရတဲ့ ယူရိုငွေကြွေးသုံး နိုင်ငံတွေက အစိုးရ ငွေတိုက်စာချုပ်တွေကို ဥရောပ ဗဟိုဘဏ်က စတင်ဝယ်ယူတွေ့မယ်လို့ တနင်္ဂနွေ နေ့တုန်းက အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ ပြီးတဲ့နောက် ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

ဆိုလိုတာကတော့ အီတလီနဲ့ စပိန်က ဖြစ်လိမ့် မယ်လို့ သုံးသပ်သူတွေက ခန့်မှန်းကိန်း ထုတ်နေကြ ပါတယ်။

ယူရိုဇုံထဲက တတိယနဲ့ စတုတ္တ စီးပွားရေး အင်အားကြီး ဒီနှစ်နိုင်ငံရဲ့ ကြွေးမြီ ပမာဏ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြင့်တက်သွားခဲ့တာကြောင့် နိုင်ငံတကာက ဘဏ္ဍာရေး အကူအညီတွေ ပေးတဲ့အခါကျရင် ဂရိ ၊ အိုင်ယာလန်နဲ့ ပေါ်တူဂီ နိုင်ငံတွေကို ပေးရတဲ့ ပမာဏထက် အလွန်အမင်း များပြားမယ်လို့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒီနေ့ တနင်္လာနေ့ စျေးကွက် ဖွင့်ချိန်မှာ ငွေကြေးစျေးတွေ တည်ငြိမ်ဖို့ ရည်ရွယ်ပြီး ဥရောပ ဗဟိုဘဏ်က ကြေညာချက် ထုတ်လိုက်တာလို့ ယူဆရကြောင်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်း ကလို အစုရှယ်ယာစျေးတွေ ထိုးဆင်းသွားတာမျိုး ထပ်တလဲလဲ မဖြစ်ရအောင် ဆောင်ရွက် တာ ဖြစ်နိုင်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ယူရိုဇုန် အတွင်း ဘဏ္ဍာရေး ကယ်တင်ထောက်ပံ့မှုကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ဖို့ ဥရောပ ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်ကို ပြင်သစ် သမ္မတ Nicolas Sarkozy နဲ့ ဂျာမန် ဝန်ကြီးချုပ် Angela Merkel တို့တွေက ထောက်ခံကြောင်း ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။

အီတလီနဲ့ စပိန်တို့ရဲ့ ဘတ်ဂျတ် အသုံးစရိတ် ဖြတ်တောက်မှုနဲ့ အီတလီရဲ့ တနှစ်စာကြိုပြီး ဘတ်ဂျတ် အတိုးအလျော့ လုပ်ဆောင်မှုတွေကို သူတို့က ကြိုဆိုကြောင်းလည်း ပြောပါတယ်။