လန်ဒန်မြို့ တော်တန်ဟမ်မြို့နယ်မှာ အဓိကရုဏ်းဖြစ်

  • 7 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ရဲအရာရှိ ၂၆ ဦး ဒဏ်ရာရရှိသွားပြီး၊ စျေးဆိုင် တွေ ဖျက်ဆီးခံရကာ လုယက်မှုတွေလည်း ရှိခဲ့

လန်ဒန်မြောက်ပိုင်း တော်တန်ဟမ်မြို့နယ် လမ်းမတွေပေါ်မှာ မနေ့ညက တညလုံး အဓိကရုဏ်း အကြီးအကျယ်ပွားခဲ့ရာ အခုတော့ အခြေအနေ တွေကို ပြန်လည် တည်ငြိမ် အေးချမ်းအောင် လုပ်ဆောင်နေ တယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုလို အကြမ်းဖက်မှုတွေဟာ လုံးဝ လက်ခံ နိုင်စရာ မရှိဘူးလို့ နယ်မြေခံ ပါလီမန်အမတ် ဒေးဗစ် လန်မီက ပြောပါတယ်။

အခုလို ဆန္ဒပြ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရခြင်း အကြောင်းကတော့ ကြာသပတေးနေ့က ရဲကပစ်လို့ လူငယ်တဦး သေဆုံးသွားခဲ့ရတဲ့အပေါ် အခြေခံပြီး ဖြစ်ခဲ့ရတာပါ။

ဒေးဗစ်လန်မီက တော့ အဓိကရုဏ်း မဖြစ်ခင် ရဲတပ်ဖွဲ့က ဘယ်လိုဘယ်ပုံ ကိုင်တွယ် ဆောင်ရွက်ခဲ့တယ် ဆိုတဲ့ပေါ် မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ပြောပါတယ်။

အဓိကရုဏ်းကြောင့် လုံခြုံရေး အရာရှိ ၂၆ ဦး ဒဏ်ရာရရှိသွားပြီး၊ စျေးဆိုင်တွေလည်း အဖျက်ဆီးခံရကာ လုယက်မှုတွေလည်း ရှိခဲ့ပါတယ်။

ဆန္ဒပြသူ အတော်များများကိုလည်း ဆေးရုံတင်လိုက်ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ နေတာကို လူဆိုးလူမိုက် လူတစုက ဝင်ရောက် ဦးဆောင်လိုက်ပြီးနောက် အကြမ်းဖက်မှု တွေကို အကြီးအကျယ် လုပ်ခဲ့တာ ဖြစ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။