သြဇီက ဒုက္ခသည်တွေ မလေးရှားပြန်မပို့သေး

  • 8 ဩဂုတ် 2011
burmese_refugee_malaysia ဓာတ်ပုံ မူပိုင် Reuters
Image caption မလေးရှားက မြန်မာဒုက္ခသည်များ

သြစတြေးလျှ နိုင်ငံထဲကို မလေးရှားနိုင်ငံ ကနေ လှေစီးပြီး ရောက်လာတဲ့ ဒုက္ခ သည်တွေကို သြစတြေးလျှ အစိုးရက ပြန်ပို့ဖို့ လုပ်ထားတဲ့ အစီအစဉ်ကို ရပ်ဆိုင်း ထားကြောင်း သြစတြေးလျှရဲ့ အဆင့်မြင့် ဆုံး တရားရုံးကနေ ဆုံးဖြတ်ခဲ့ ပါတယ်။

ဒုက္ခသည်အဖြစ် လျှောက်ထား သူတွေရဲ့ ရှေ့နေတွေက ဒီလူတွေရဲ့ လျှောက်ထားမှုကို မလေးရှားကို မလွှဲပဲ သြစတြေးလျှ အစိုးရကနေ အဆုံးအဖြတ် ပေးပိုင်ခွင့် ရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီလကုန်မှာ တရားရုံးမှာ ကြားနား စစ်ဆေးဖို့ ရှိပါတယ်။

သြစတြေးလျှနဲ့ မလေးရှား အစိုးရတို့ဟာ မကြာခင်ကပဲ ဒုက္ခသည် လဲလှယ်ရေး အစီအစဉ် တစ်ခုကို သဘောတူ ခဲ့ကြပါတယ်။

အဲဒီ သဘော တူညီချက်အရ မလေးရှား နိုင်ငံတွင်းမှာ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပြီးသား လူ ၄၀၀၀ ကို သြစတြေးလျှ အစိုးရက ခေါ်ယူမှာ ဖြစ်ပြီး၊ အခုလို လှေစီးပြီး သြစတြေးလျှ ရောက်လာ သူ ၈၀၀ ကို မလေးရှားကို ပြန်ပို့ဖို့ သဘော တူခဲ့တာပါ။

မလေးရှားကို ရောက်နေသူ ဒုက္ခသည် တွေကတော့ မြန်မာ အပါအဝင် တခြား အာရှနိုင်ငံ တွေကလည်း ပါဝင်ပါတယ်။