စတော့ စျေးကွက် စျေးနဲနဲ ပြန် တက် လာ

  • 9 ဩဂုတ် 2011
စတော့ ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပ စတော့ စျေးကွက် မှာ ရင်းနှီးမြှုပ်နှံသူ တဦး

ကမ္ဘာတဝန်းလုံး စတော့ ရှယ်ယာစျေး တွေ ၉ ရက် လောက် ကျဆင်း နေရာ ကနေ ဥရောပ စျေးကွက် မှာတော့ အင်္ဂါနေ့ မနက် က စျေးနဲနဲ ပြန်ရ တဲ့ အတွက် အရင် အရှုံး တွေ ကို နည်းနည်းတော့ ပြန်ထေ နိုင်ကြ တယ်လို့ ဆိုပါတယ်။

အာရှ ဖက်မှာ လည်း ဟောင်ကောင်စျေးကွက် က စတော့ အညွှန်းကိန်း ၅ ရာခိုင်နှုန်း ကျဆင်း နေသေး ပေမယ့် တခြား အာရှ စတော့ စျေးကွက် တွေမှာတော့ စျေး နဲနဲ ပြန်တက် လာပါတယ်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင် က ကြွေးယူထားတဲ့ နိုင်ငံ တွေ အနေနဲ့ ရင်းနှီး မြှုပ်နှံ သူတွေ စိတ်ချ ယုံကြည် မှု ရှိအောင် လုပ်သင့် ကြောင်း ထောက်ပြ ပြောဆို ခဲ့ ပါတယ်။

အမေရိကန် မှာ တရုတ် က ငွေချေး စာချုပ် ဘွန်း တွေ ဒေါ်ဘာ ထရီလီယံ နဲ့ ချီ ပြီး ဝယ်ယူ ရင်းနှီးထားတာ ဖြစ်တဲ့ အတွက် တရုတ် ရဲ့ ပြောဆိုချက်ဟာ အမေရိကန် ကို ရည်ရွယ်တာ ဖြစ်ကြောင်း ဆိုကြပါတယ်။

အမေရိကန် နဲ့ ဥရောပ မှာ ဖြစ်နေတဲ့ စီးပွားရေးဆိုင်ရာ ပြဿနာ တွေက တကမ္ဘာလုံး စီးပွားရေး ကျဆင်း တဲ့ အထိ ဖြစ်သွား နိုင်တယ် ဆိုတဲ့ ပူပန်မှု တွေ အများအပြား ရှိနေတဲ့ အကြောင်း ဘဏ္ဍာရေး ဆိုင်ရာ သုံးသပ်သူတွေ က ပြောပါတယ်။