ထိုင်းအစိုးရ အဖွဲ့မှာ ရှပ်နီ ခေါင်းဆောင် တွေ မပါ

  • 10 ဩဂုတ် 2011

ထိုင်းဝန်ကြီးချုပ်သစ် ရင်လတ် ရှင်နာဝပ်က သူ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အမည် စာရင်းကို ထုတ်ပြန်လိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကြားနေပြီး အတွေ့ အကြုံရှိသူတွေကို နေရာပေး

ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် အများစုဟာ သူ့ရဲ့ ဖူ့အာ ထိုင်း ပါတီဝင်တွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ စီးပွားရေး ဦးဆောင်သူတွေ နေရာ မှာတော့ နိုင်ငံရေး အရ ကြားနေတယ်လို့ မြင်ကြတဲ့ ဘဏ္ဍာရေး ဆိုင်ရာ အတွေ့အကြုံ ရှိသူ ပုဂ္ဂိုလ် တွေကို ခန့်ထား ပါတယ်။

အစိုးရ အဖွဲ့တွင်းမှာ ထိုင်းနိုင်ငံရဲ့ ရှပ်နီ ဆန္ဒပြ လှုပ်ရှားမှု ခေါင်းဆောင်တွေ တစ်နေရာမှ မပါဝင်ပါဘူး။

ဘန်ကောက်က ဘီဘီစီ သတင်းထောက် ကတော့ ရှပ်နီ ခေါင်းဆောင် တွေကို အစိုးရ အဖွဲ့တွင်း ရာထူးခန့်ထားရင် ဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှင်နာဝပ် မိသားစရဲ့ ရန်သူ အများကို မကျနပ်မှုတွေ ဖြစ်အောင် ဆွပေးသလို ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။