အမေရိကန် ဆီးနိတ်တာတွေ မြန်မာ့အရေးအတွက် စာတင်

  • 10 ဩဂုတ် 2011
Image caption အမေရိကန် ဆီးနိတ်လွှတ်တော် အဆောက်အအုံ

အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်နဲ့ ရီပါဘလစ်ကန် ပါတီတွေက ဆီးနိတ် လွှတ်တော် အမတ်တွေ လက်မှတ်ရေးထိုး ထားတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ စာတစောင်ကို နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဆီကို မနေ့က တင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံက အစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲ ပြန်ဖြစ်နေတဲ့ နေရာတွေမှာ အမျိုးသမီးတွေအား အဓမ္မ ပြုကျင့်မှုတွေကို လက်နက်သဖွယ် အသုံးပြုနေတာကို စိုးရိမ်ပူပန်မိတယ် ၊ ဒါတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စု အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်လား ဆိုတာကို ကော်မရှင်ဖွဲ့ စုံစမ်း စစ်ဆေး ပေးပါလို့ အမျိုးသမီး ဆီးနိတ် လွှတ်တော်အမတ်တွေ လက်မှတ် ထိုးထားတဲ့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

လက်မှတ်ထိုး တင်ပြခဲ့တဲ့ အထဲအမှာ ဆီးနိတ်တာ Diane Feinstein နဲ့ Key Bailey Hutchison တို့ အပါအဝင် တခြား ဆီးနိတ် လွှတ်တော် အမျိုးသမီး အမတ် ၁၃ယောက် ပါဝင်ပါတယ်။