တရုတ် မြန်နှုန်းမြင့် ရထားစီမံကိန်းသစ် ဆိုင်းငံ့

  • 11 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြန်နှုန်းမြင့် မီးရထား တိုက်မှုကြောင့် လူထု ဒေါသထွက်ခဲ့ကြ

တရုတ်နိုင်ငံမှာ မြန်နှုန်းမြင့် ရထား စီမံကိန်းသစ် အတည်ပြုပေးရေးကို ယာယီ ဆိုင်းငံ့ထားဖို့ အစိုးရက ညွှန်ကြားလိုက် ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဝမ်ဇူမြို့နားမှာ မြန်နှုန်းမြင့် ကျည်ဆံ ရထား နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိ ရာကနေ အနည်းဆုံး လူ၄၀ သေဆုံးသွားခဲ့အပြီး မှာ အစိုးရက အခုလို ညွှန်ကြားချက် ထုတ်ပြန် လိုက်တာပါ။

ဘေးကင်း လုံခြုံမှု စစ်ဆေးနေစဉ်အတွင်းမှာ မြန်နှုန်းမြင့် ရထားတွေကို အရှိန်လျှော့ ပြေးဆွဲမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားကွန်ယက် စနစ်ကို နိုင်ငံ့ဂုဏ်သရေ လက္ခဏာအဖြစ် ရှုမြင်ထားတာ ဖြစ်ပေမဲ့ ဒီစနစ် တည်ဆောက်တာ သိပ်မြန်လွန်းအားကြီးတယ်လို့ အကဲခတ်တွေက ပြောနေပါတယ်။

တရုတ်အစိုးရဟာ နိုင်ငံကို ခေတ်မှီ တိုးတက်အောင် အလောတကြီး လုပ်နေပြီး လုံခြုံ စိတ်ချ ရမှု အန္တရာယ်တွေကိုတော့ ထည့်မတွက်ဘူးလို့ ဝေဖန် ခံနေရပါတယ်။