အီတလီရဲ့ ကြွေးမြီအကျပ်အတည်း

  • 12 ဩဂုတ် 2011
Image caption အီတလီဘဏ္ဏာရေးဝန်ကြီး ထရီမွန်တီ

အီတလီဘဏ္ဏာရေးဝန်ကြီး ဂျူလီယို ထရီမွန်တီ Giulio Tremonti က အစိုးရ အသုံးစရိတ်တွေကို ဖြတ်တောက်မယ်၊ အစိုးရပိုင် ကုမ္ပဏီတွေကို ပုဂ္ဂလိကပိုင်လုပ်မယ်၊ စုငွေအပေါ် အခွန်တိုးကောက်မယ်လို့ ပါလီမန်မှာ ပြောလိုက်ပါတယ်။

ဒါတွေဟာ အီတလီနိုင်ငံရဲ့ ကြွေးရှင် ဥရောပဗဟိုဘဏ်ကို ကျေနပ်အောင် လုပ်တဲ့ အစီအစဉ်တခုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

အီတလီရဲ့ ကြွေးမြီအကျပ်အတည်းနဲ့ပတ်သက်လို့ အီတလီဝန်ကြီးချုပ် ဆဲဗီယို ဘာလူစကိုနီ ဟာလဲ ဥရောပဗဟိုဘဏ်ရဲ့ နောင်ဥက္ကဌ ဖြစ်မဲ့ မာရီယို ဒရာဂီ Mario Draghi နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ဗြိတိသျှဘဏ္ဏာရေးဝန်ကြီး ဂျော့ အော့စဘွန်းက ကမ္ဘာ့ကြွေးမြီအကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးပြန်နလံထူဖို့ အချိန်ပိုကြာပြီး မျှော်လင့်ထားတာထက် ပိုခက်မယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။