ဆီရီးယားကို သူတို့လို ပိတ်ဆို့အရေးယူဖို့ အမေရိကန်ကပြော

  • 11 ဩဂုတ် 2011
Image caption ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေကြောင့် အရပ်သားတွေသေ

ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ ပိုများလာနေတဲ့ အချိန်မှာပဲ ဆီရီးယားနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ တခြားနိုင်ငံတွေပါ ပါဝင်ပူးပေါင်းကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က တိုက်တွန်းလိုက်ပါတယ်။

တရုတ်၊ အိန္ဒိယ၊ ရုရှနဲ့ ဥရောပနိုင်ငံတွေရဲ့ အရေးယူမှုတွေ ဟာ ဆီရီးယားသမ္မတ ဘာရှာအဲ အာဆတ်အပေါ် သိသိသာသာဖိအား ပိုလာ စေနိုင်လိမ့်မယ်လို့ မစ္စစ်ကလင်တန်က ပြောပါတယ်။

အိုဘာမားအစိုးရအနေနဲ့ သမ္မတအာဆတ်ရဲ့ အာဏာတရားဝင်မှုမရှိတော့ဘူလို့ ယုံကြည်ကြောင်း အတိအလင်း ပြောကြာခဲ့ပြီး ဖြစ်တယ်လို့ မစ္စစ်ကလင်တန်က ဆိုပါတယ်။

ဒါပေမယ့် ဒီလိုအမေရိကန်တနိုင်ငံတည်းကပြောနေတာမျိုး မဖြစ်ဖို့ အရေးကြီးတယ်လို့ သူကပြောပါတယ်။

သမ္မတအာဆတ်ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အာဏာပိုင်တွေက တားဆီးဖို့ ဆက်ကြိုးစားရာမှာ လုံခြုံရေးတပ်ဖွဲ့တွေကြောင့် ကြာသပတေးနေ့က အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အတိုက်အခံတါေက ပြောပါတယ်။

သေဆု့းမှု အများစုဟာ လက်ဘနွန်နယ်စပ်အနီးက Qusair မြို့မှာဖြစ်တယ်လို့ အတိုက်အခံလှုပ်ရှားသူတွေက ပြောပါတယ်။ တခြားနေရာတွေမှာတော့ တနင်္ဂနွေနေ့ကတည်းက တိုက်ခိုက်ခံနေရတဲ့ Deir el Zor ကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။