ဆီးရီးယား က သောကြာနေ့ ဆန္ဒပြပွဲ

  • 12 ဩဂုတ် 2011
syria ဓာတ်ပုံ မူပိုင် Reuters
Image caption တင့်ကားတွေနဲ့ လိုက်လံ ဖြိုခွဲ

ဆီးရီးယား နိုင်ငံ အနှံအပြား မှာ သောကြာ နေ့ ဝတ်ပြုပွဲ အပြီး ဗလီတွေ က နေ ပြန်ထွက်လာ ကြတဲ့ လူ တွေ က သမ္မတ အာဆတ် အစိုးရ ရာထူး ကနေ ဆင်းပေး ရေး အတွက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

ဟာမာ မြို့ က ဆန္ဒပြပွဲ မှာ အစိုးရ က ပစ်ခတ် လို့ လူ တဦး သေဆုံး ခဲ့တယ် လို့ လူ့ အခွင့် အရေး လှုပ်ရှားသူ တွေက ပြော ပါတယ်။

နိုင်ငံ တွင်း အခြားနေရာ တွေမှာ လုပ်ခဲ့တဲ့ အရုဏ်တက် ဆုတောင်းပွဲ တွေ အပြီးမှာ လည်း လုံခြုံရေး တပ်ဖွဲ့တွေ ရဲ့ ပစ်ခတ်မှု ကြောင့် အနည်းဆုံး လူ ၂ ဦး ဒဏ်ရာ ရ ခဲ့တယ် လို့ လည်း သိရ ပါတယ်။

ကြာသပတေးနေ့ က ပစ်ခတ်မှု ကြောင့် သေဆုံး ရတဲ့ ဆန္ဒပြသူ အရေအတွက်၂၀ ကျော် ရှိပြီ ဆိုတဲ့ သတင်း တွေကို လည်း ရရှိပါတယ်။

ဆီးရီးယား မှာ ဆန္ဒပြမှု တွေ စဖြစ်ကတည်း က သေဆုံးခဲ့ရတဲ့ လူ အရေအတွက် ရာနဲ့ချီ ရှိနေပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကလည်း ဆီးရီးယား အစိုးရ ကို အကြမ်းဖက် ဖြိုခွဲ မှု တွေ အတွက် ရှုတ်ချ ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က တရုတ် ရုရှ အိန္ဒိယ နိုင်ငံ တွေ အနေ နဲ့ လည်း ဆီးရီးယား ကို ပြစ်ဒဏ် ခတ် အရေးယူ ဖို့ ကြာသပတေး နေ့ က တောင်းဆို ခဲ့ပါတယ်။