ဘာလင်တံတိုင်း နှစ် ၅၀ ပြည့် အခမ်းအနားကျင်းပ

  • 13 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption လူတွေရဲ့ ဘဝမျှော်လင့်ချက်တွေဟာ နိုင်ငံရေး အဖွဲ့ အစည်းတွေကြားမှာ ကျိုးပျက်ကုန်တယ်

ဂျာမဏီနိုင်ငံမှာ ဘာလင်တံတိုင်းကြီး စတင်တည်ဆောက်ခဲ့တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်နေ ပါတယ်။

ဒီတံတိုင်းကြီးဟာ ဘာလင်မြို့လယ်ကနေ ကွန်မြူနစ် အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီ ဆိုပြီး ၂၈ နှစ်ကြာ ခွဲခြားထားခဲ့တာ ဖြစ်ပါ တယ်။

အဲဒီအတွက် ဂျာမဏီ အရှေ့နဲ့ အနောက်မှာ ရှိကြတဲ့ မိသားစုဝင် တွေဟာ ခွဲခွာ နေခဲ့ကြရတာလည်း ဖြစ်ပါတယ်။

ဘာလင်မုခ်ဦး အဝင်အဝဟောင်းနေရာမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ဂျာမနီ သမ္မတ Christian Wulff က - ဘာလင်တံတိုင်းကြီးကို ကျော်လွှားပြီး လွတ်မြောက်အောင် ကြိုးစား ထွက်ပြေးခဲ့ ကြလို့ သေဆုံးခဲ့ရသူတွေနဲ့ ဒဏ်ရာရခဲ့သူတွေတင်မကပဲ၊ သန်းပေါင်းများစွာ သော ဂျာမန်ပြည်သူတွေဟာ သူတို့ရဲ့ဘဝတွေမှာ မိသားစုတွေ ခွဲခွာပြီး စတေးခဲ့ ကြရတာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

နှစ်ဘက်စလုံးက လူပေါင်းများစွာနဲ့ မိသားစုတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေဟာ ကံကြမ္မာကြောင့် ခွဲခွာခဲ့ကြရတယ်၊ အရှေ့အနောက် နယ်ခြားမှာရှိတဲ့ ရွာတွေက လူမှု အသိုင်းအဝိုင်းတွေဟာ အကွဲအပြဲ ဖြစ်ကုန်ကြရ တယ်လို့လည်း သူကပြောပါတယ်။

နောက်ပြီး လူသားတွေရဲ့ ဘဝတွေ၊ အခွင့်အလမ်းတွေနဲ့ မျှော်လင့်ချက်တွေဟာ နိုင်ငံရေး အဖွဲ့အစည်းတွေကြားမှာ ကျိုးပျက်ကုန်တယ်လို့ သမ္မတက ပြောကြားပါတယ်။

အရှေ့ဂျာမဏီ နယ်ခြား အစောင့်တွေက ပစ်လို့ သေဆုံးခဲ့ရသူတွေ အတွက်လည်း အခမ်း အနားမှာ တမိနစ် ငြိမ်သက်ခဲ့ကြပါတယ်။