တင်းကြပ်တဲ့ စီမံကိန်းသစ် အီတလီ အစိုးရ အတည်ပြု

  • 13 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာ့စီးပွားရေးနဲ့ အညီ လိုက်လုပ်ရတာလို့ ဝန်ကြီးချုပ် berlusconi ပြော

အီတလီနိုင်ငံမှာ ပြည်သူ့ ဘဏ္ဍာ တိုးတက် လာရေးနဲ့ နိုင်ငံ ဘတ်ဂျက် လိုငွေ လျော့ကျ သွားစေရေးအတွက် တင်းကျပ်တဲ့ စီမံကိန်း တစ်ခုကို အီတလီ အစိုးရက အတည်ပြု လိုက်ပါတယ်။

လာမယ့်နှစ်မှာ အစိုးရ အသုံးစရိတ်ကို ယူရိုငွေ ဘီလျံ ၂၀လျှော့ချပြီး ၂၀၁၃ ခုနှစ်မှာ နောက်ထပ် ၂၅ ဘီလျံ လျှော့ချမှာ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းထဲမှာ ဝင်ငွေများသူတွေအပေါ် အခွန်ငွေ ၇၅ ရာခိုင်နှုန်း အထိ တိုးကောက်မှာမျိုး အပါအဝင် ဆောင်ရွက်ချက် အများအပြား ပါဝင်ပါတယ်။

ပြည်နယ်နဲ့ ဒေသန္တရ အာဏာပိုင်တွေအနေနဲ့လည်း ဗဟို အစိုးရထံက အကူအညီငွေ ရတာ နည်းသွားဖို့ ရှိပါတယ်။

အီတလီ ဝန်ကြီးချုပ် Silvio Berlusconi က အီတလီ အစိုးရအနေနဲ့ ဒီစီမံကိန်းကို အတည်ပြု ရတာဟာ ကမ္ဘာ့ စီးပွားရေး စနစ်သစ်ကြီးနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ရတာ ဖြစ်ပါတယ် လို့ ပြောသွားပါတယ်။