အာဖဂန်က ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ

  • 14 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် us embassy kabul
Image caption တိုက်ခိုက်ခံရချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လည်း ရုံးထဲမှာရှိနေပါတယ်

အာဖဂန်နစ္စတန်အလယ်ပိုင်းက အစိုးရ ရုံးဝင်းတခုကို စစ်သွေးကြွတွေက တိုက်ခိုက် ခဲ့တဲ့ အတွက် အနည်းဆုံးလူ ၂၀ လောက် သေဆုံးသွားပါတယ်။

အသေခံ ဗုံးခွဲသမားတွေပါတဲ့ လက်နက်ကိုင် သမားတွေဟာ ပထမအနေနဲ့ ကားဗုံးတလုံး ခွဲလိုက်ပြီးနောက် ပါဝမ်းပြည်နယ် အုပ်ချုပ် ရေးမှူး ရုံးဝင်းထဲကို အတင်းဝင်ရောက်ကာ အထဲမှာရှိတဲ့ ရုံးတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။

တိုက်ခိုက်မှုတွေဟာ နာရီအတော်ကြာဖြစ်ပွားခဲ့ပါတယ်။

လက်နက်ကိုင်သမားတွေက စတင်တိုက်ခိုက်ချိန်မှာ ရဲနဲ့ ထောက်လှမ်းရေး အရာရှိတွေ အပါအဝင် နိုင်ငံတကာ အကြံပေး ပုဂ္ဂိုလ်တွေဟာ ရုံးထဲမှာ အစည်းအဝေးလုပ်နေကြတာ ဖြစ်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လည်း အထဲမှာရှိနေခဲ့ပါတယ်။

ဒါပေမယ့် သူတို့အားလုံးဟာ ထိခိုက်မှု တစုံတရာမရှိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

စစ်သွေးကြွတွေကတော့ အကုန်လုံး သေဆုံးသွားခဲ့ပြီး၊ အရပ်သားတချို့လည်း သေဆုံးခဲ့ ရပါတယ်။ တာလီဘန်တွေကတော့ တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ပြောပါတယ်။

ပါဝမ်းပြည်နယ်ဟာ ကာဘူးမြို့တော် အနောက်မြောက်ဖက်မှာ တည်ရှိတာ ဖြစ်ပါတယ်။

အဲဒီဒေသမှာ မကြာသေးခင်ကမှ အကြမ်းဖက်မှုတွေ တိုးလာနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။