အိန္ဒိယမင်းသားဟောင်းကြီး ရှာမီကက်ပူး ကွယ်လွန်

  • 14 ဩဂုတ် 2011
Image caption ပရိတ်သတ် ကတော့ သူ့ကို အိန္ဒိယက Elvis Presley ဆိုပြီး ခေါ်ဝေါ်ခဲ့ ကြပါတယ်

အသက် ၇၉ နှစ်အရွယ် အန္ဒိယ ဘောလီးဝုဒ် ရုပ်ရှင်းမင်းသား ဟောင်းကြီး ရှာမီကက်ပူး ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ရှာမီကက်ပူးရဲ့ သရုပ်ဆောင်မှုနဲ့ သူ့ရဲ့ကဟန် တွေဟာ အခုခေတ် အိန္ဒယ ရုပ်ရှင်သရုပ်ဆောင် အကျော်အမော်တွေကို အကြီးအကျယ် လွှမ်းမိုး ထားဆဲဖြစ်ပါတယ်။

မင်းသားကြီးဟာ ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော် ရိုက်ကူးခဲ့ပြီး အထူးသဖြင့်တော့ ၁၉၅၀ ခုနှစ် ဝန်းကျင်မှာ သူဟာ အချစ်ဇတ်လမ်းတွေနဲ့ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်မင်းသားတယောက် အနေနဲ့ နှစ်ပေါင်းကြာရှည် ရပ်တည်ခဲ့တဲ့ ရှာမီကက်ပူးဟာ ကိုယ်ပိုင်ဟန် ရှိသူဖြစ်ပါတယ်။ ဒါပေမယ်လို့ ပရိတ်သတ် ကတော့ သူ့ရဲ့ ကဟန်တွေ အပေါ် အိန္ဒိယက Elvis Presley ဆိုပြီး တင်စား ခေါ်ဝေါ်ခဲ့ ကြပါတယ်။

ရှာမီကက်ပူးဟာ ကျောက်ကပ်ရောဂါ ဝေဒနာကို ခံစားနေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။