'You don't know who to blame' အစီရင်ခံစာ

  • 15 ဩဂုတ် 2011
Image caption 'You don't know who to blame' အစီရင်ခံစာ လူ့အခွင့်အရေး အဖွဲ့ ထုတ်ပြန်

ဆိုမာလီက လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့က ဘယ်သူကို အပြစ်တင်ရမှန်း မသိအောင် ဖြစ်နေတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအရင်ခံစာ တစောင် ထုတ်ပြန်လိုက်ပြီး အဲဒီဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လူတွေကို ပိုမို ငတ်မွတ်ခေါင်းပါးပြီး၊ ကပ်ဘေးဆိုက်အောင် တွန်းပို့ပေးနေတယ်လို့ ဆိုထားပါတယ်။

ဆိုမာလီ ပြည်တွင်းစစ်မှာ ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်း အသီးသီးက အရပ်သား တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ပြီး၊ လူမှု ကယ်ဆယ်ရေး အကူအညီ တွေကိုလည်း အလွယ်အကူ သွားလာ ပို့ဆောင် ပေးနိုင်အောင် ကူညီပေးပါလို့ ပန်ကြား ထားပါတယ်။

အစ္စလာမ် ဝါဒီ အဖွဲ့ al Shabaab ဟာ သူတို့ ထိန်းချုပ်ရာ နယ်မြေထဲမှာ နေ့စဉ်နဲ့အမျှ အရပ်သားတွေကို နှိပ်စက် ညှင်းပမ်း နေတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အသွင်ကူးပြောင်းရေး အစိုးရ အဖွဲ့ကလည်း ဥပဒေမဲ့ လူတွေကို ဖမ်းဆီး ထိန်းသိမ်းမှု လုပ်နေတယ်လို့လည်း ဆိုထားပါတယ်။

ဆိုမာလီ အရပ်သားတွေဟာ အိမ်နီးနားချင်း ကင်ညာနိုင်ငံထဲကို ပြေးဝင်ကြတဲ့ အခါမှာ လည်း ကင်ညာနိုင်ငံက ရဲတပ်ဖွဲ့ရဲ့ နှိပ်စက်မှုနဲ့ သားမယား ပြုကျင့်ခံရမှု အန္တရာယ်တွေ ကြုံနေရတယ်လို့ အစီရင်ခံစာမှာ ရေးသား ထားပါတယ်။