ဆီးရီးယားတပ်တွေရဲ့ တိုက်ခိုက်မှု လူ ၁၉ ဦးသေဆုံး

  • 14 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ကုန်းကြောင်းကနေ တင့်ကားတွေနဲ့ ပစ်ကူပေး နေတာလို့ ဆိုပါတယ်

ဆီးရီးယားအစိုးရတပ်တွေက လာတာ ကီးယား ဆိပ်ကမ်းမြို့ကို ကုန်းကြောင်းနဲ့ ရေကြောင်း တွေကနေ တိုက်ခိုက်နေရာ လူပေါင်း အနည်းဆုံး ၁၉ ဦး လောက် သေဆုံးသွားခဲ့ပြီလို့ တက်ကြွ လှုပ်ရှားသူ တွေက ပြောပါတယ်။

အစိုးရတပ်တွေဟာ စစ်သင်္ဘော အသေးစားတွေ ပေါ်ကနေ အမြောက်တွေနဲ့ အရပ်သားတွေနေတဲ့ နေရာ နှစ်ခုကို ပစ်ခတ်ခဲ့ပြီး၊ တဖက်ကလည်း ကုန်းကြောင်းကနေ တင့်ကားတွေနဲ့ ပစ်ကူပေး နေတာလို့ ဆိုပါတယ်။

လာတာကီးယားမြို့ရဲ့ အနီးအနားဒေသတွေဟာ သမ္မတ အာဆတ် ပြုတ်ကျရေးအတွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပြီး၊ အစိုးရ တပ်ဖွဲ့တွေရဲ့ တခါ တခါ ဝင်ရောက် စီးနှင်းတာကိုလည်း ခံနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ပြီးခဲ့တဲ့ ၂ ရက်မှာ အစိုးရက အကြီးအကျယ် တိုက်ခိုက်မှုတွေ ထပ်လုပ်လာ တယ်လို့ တက်ကြွသူတွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံပိုင် ရုပ်သံကတော့ ရေတပ်ကနေ အမြောက်နဲ့ ပစ်ခဲ့တယ် ဆိုတာ မဟုတ်ဘူး လို့ ငြင်းဆိုသွားပါတယ်။