အီရတ်က မြို့တွေ တိုက်ခိုက်ခံရ

  • 15 ဩဂုတ် 2011
Iraq ဓာတ်ပုံ မူပိုင် AFP
Image caption အီရတ်က ဗုံးပေါက်ကွဲမှု တစ်ခု

အီရတ်နိုင်ငံက မြို့တွေမှာ ဗုံးပေါက်ကွဲ မှုဖြစ်လို့ လူ ငါးဆယ်ထက် မနည်း သေဆုံးခဲ့ပါတယ်။

အဆိုးဆုံးဖြစ်ခဲ့တဲ့ ကု မြို့မှာတော့ ဗုံးနှစ်လုံးဟာ မိနစ်ခြားပြီး ပေါက်ကွဲခဲ့တာ လူအနည်းဆုံး ၃၇ ဦး သေဆုံး ခဲ့ပါတယ်။

ခန် ဘာနီ ဆတ်ဒ် မြို့မှာတော့ အသေခံကား ဗုံးပေါက်လို့ အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပြီး တစ်ဂရိမြို့က အကြမ်းဖက် တိုက်ဖျက်ရေး ဌာနတစ်ခုကိုလည်း အသေခံဗုံးခွဲမှု နှစ်ခု ဖြစ်ခဲ့ပါ တယ်။ တစ်ဂရိမြို့ တိုက်ခိုက်ခံရမှုမှာ ရဲနှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

ဒီနှစ်ကုန်မှာ အမေရိကန်တပ်တွေ အီရတ်နိုင်ငံကနေ ထွက်ခွာဖို့ ရှိပေမယ့် အမေရိကန် တပ်သား တချို့ကို အီရတ်မှာ ဆက်ထားဖို့ မထားဖို့နဲ့ပတ်သက်ပြီး အီရတ် နိုင်ငံရေး သမားတွေ ဆွေးနွေးမယ်လို့ ပြောပြီးတဲ့နောက် အပြင်းထန်ဆုံး အကြမ်းဖက် တိုက်ခိုက်ခံရ တာလည်း ဖြစ်ပါတယ်။