ဖိလစ်ပိုင်တောင်ပိုင်းမှာ ဗုံးပေါက်ကွဲ

  • 15 ဩဂုတ် 2011
Mindanao
Image caption ဖိလစ်ပိုင်တောင်ပိုင်း မင်ဒနောင် ကျွန်း

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက ပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ဦး ကားဗုံးနဲ့ တိုက်ခိုက်ခံရရာမှာ သူကတော့ မထိခိုက်ခဲ့ပေမယ့် တခြားသူတစ်ဦး သေဆုံးပြီး ယာဉ်အနီးက လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကလည်း ပြည်နယ် အုပ်ချုပ် ရေးမှူး အစ်ရှ်မေးလ် မန်ဂူဒါဒါတူ ရဲ့ နိုင်ငံရေး ခရီးစဉ် တစ်ခုအတွင်း သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက် တွေက တိုက်ခိုက် သတ်ဖြတ်ခဲ့လို့ သူ့ရဲ့ဇနီးနဲ့ ဆွေမျိုးတွေ သေဆုံးခဲ့ ပါတယ်။

နောက်ပြီး ရွေးကောက်ပွဲ မဲဆွယ်မှုမှာ သတင်းယူနေတဲ့ သတင်းထောက် တွေလည်း အသတ်ခံခဲ့ ရပါတယ်။

အခုတကြိမ်မှာ သူဟာ တောင်ပိုင်း မင်ဒနောင် ကျွန်းပေါ်က တာကူရွန်မြို့မှာ သူ့ကို ထောက်ခံသူတွေ ခြံရံပြီး စားသောက်ဆိုင် တစ်ခုကိုအသွား ဗုံးပေါက်ကွဲ ခဲ့တာပါ။

သူဟာ ဒဏ်ရာ မရပေမယ့် တုန်လှုပ် နေပုံရတယ်လို့ သိရပါတယ်။