James Murdoch ကို ပြန်စစ်ဆေး မေးမြန်းဖွယ်ရှိ

  • 17 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption James Murdoch ကို ပါလီမန် ကော်မီတီက ပထမတစ်ကြိမ် စစ်ဆေး မေးမြန်းခဲ့စဉ်

ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းက Rupert Murdoch ပိုင် News of the World သတင်းစာကြီး ပိတ်လိုက်ရတဲ့ အထိ ဖြစ်ခဲ့ တဲ့ ဖုန်းထဲက သတင်း အချက်အလက် တွေ ခိုးယူခဲ့မှု အရှုပ်တော်ပုံ ကြီးကို စုံစမ်း စစ်ဆေး နေတဲ့ ဗြိတိသျှ ပါလီမန် ကော်မီတီ က မစ္စတာ Murdoch ရဲ့ သားဖြစ်သူ James Murdoch ကို ထပ်မံ စစ်ဆေး မေးမြန်းကောင်း မေးမြန်းဖို့ ရှိတယ်လို့ ပြောပါတယ်။

အထောက်အထားသစ်တွေ ကော်မီတီက ရထားပြီး ဒီကိစ္စမှာ ပါဝင်သူတွေအနေနဲ့ အဖြစ် အပျက်တွေကို ပုံဖေါ်ရာမှာ သိသိသာသာ ကွဲပြား မှုတွေ ရှိနေတယ်လို့ ကော်မီတီ ဥက္ကဌ John Whittingdale က ဘီဘီစီကို ပြောပါတယ်။

ဖုန်းထဲက သတင်းအချက်အလက်တွေကို ခိုးယူခဲ့မှုနဲ့ အကျဉ်းကျနေတဲ့ News of the World သတင်းစာ တော်ဝင် သတင်းထောက်ဟောင်း Clive Goodman ဆီက စာကို ကော်မီတီက ထုတ်ပြန် ဖေါ်ပြခဲ့ရာမှာ အခုလို ဖုန်းထဲက သတင်းအချက်အလက်တွေ ခိုးယူနေတာကို အထက်ပိုင်းက ထိပ်တန်း ပုဂ္ဂိုလ်တွေ ကောင်းကောင်းကြီး သိခဲ့ကြတယ်လို့ ဖေါ်ပြထား ပါတယ်။

ဖုန်းထဲက သတင်း အချက်အလက်တွေ ခိုးယူတဲ့ အကြောင်းကို နေ့စဉ်လုပ်တဲ့ အယ်ဒီတာ အစည်းအဝေးတွေမှာ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး ပြောဆိုလေ့ ရှိကြတယ်လို့ Clive Goodman က ပြောပါတယ်။