ဆီးရီးယား တပ်တွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးရ

  • 16 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Latakia ဆိပ်ကမ်းမြို့ကို ဆီးရီးယားတပ်တွေ ပစ်ခတ် တိုက်ခိုက်

ဆီးရီးယား နိုင်ငံ Latakia ဆိပ်ကမ်းမြို့ကို အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ဒုက္ခသည်စခန်း တစ်ခုကို ထိမှန်ခဲ့တဲ့အတွက် ပါလက်စတိုင်း ဒုက္ခသည် ထောင်နဲ့ ချီပြီး ထွက်ပြေးခဲ့ကြ ရပါတယ်။

ပါလက်စတိုင်း လူမျိုး အနည်းဆုံး ၄ဦး သေဆုံး ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် Christopher Gunness က ဘီဘီစီကို ပြောပါတယ်။

လူအတော်များများ ဒဏ်ရာရခဲ့တယ်လို့လည်း သတင်း တချို့အရ သိရပါတယ်။

အနီးအနား ဆင်ခြေဖုံး ရပ်ကွက်က ဒုက္ခသည်တွေနဲ့ ဒေသခံတွေကို နေရာကနေ ထွက်ခွာ သွားကြဖို့ မဟုတ်ရင် ရန်သူအဖြစ် ဆက်ဆံ တိုက်ခိုက်မယ်ဆိုပြီး အစိုးရ တပ်တွေက အမိန့်ပေးထားတယ်လို့ အစိုးရ ဆန့်ကျင် လှုပ်ရှားသူတွေက ပြောပါတယ်။

Latakia ဆိပ်ကမ်းမြို့ကို ဆီးရီးယား အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာ အခုဆို ၃ ရက်မြောက်သွားပြီ ဖြစ်ပြီး စုစုပေါင်း အနည်းဆုံး လူ ၃၀ လောက် သေဆုံးခဲ့ပြီးပြီလို့ သတင်းတွေက ဆိုပါတယ်။