မူဂါဘေ ထောက်ခံတဲ့ ဘုန်းကြီးကို ဘုရားကျောင်း မြေလွှဲပေး

  • 18 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ Robert Mugabe ထောက်ခံတဲ့ ဘုန်းကြီးကို မြေလွှဲပေး

ဇင်ဘာဘွေနိုင်ငံ Harare မြို့မှာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ သုံးနှစ်ကြာ အငြင်းပွားနေတဲ့ အင်္ဂလိကန် ဘုရားကျောင်းကို ခရစ်ယန် သာသနာ ကနေ ဖယ်ကြဉ်ထားတဲ့ ဘစ်ရှော့ပ်ဟောင်း Nolbert Kunonga ရဲ့ လက်ထဲကို လွှဲပြောင်း ပေးလိုက်တဲ့အတွက် ဒီကိစ္စဟာ ပိုမို ပြင်းထန် လာနေပါတယ်။

အင်္ဂလိကန် ဘုရားကျောင်းက တခြား ဘုန်းကြီး တပါး ကိုလည်း ဘစ်ရှော့ ဟောင်း ခွန်နွန်ဂါကို ထောက်ခံသူတွေက သူနေအိမ်က နှင်ထုတ်လိုက်ပြီး အဲဒီလူတွေဟာ ဘုရားကျောင်း ဝပ်ပြု ဆုတောင်းပွဲတွေမှာ အကြမ်းဖက် နှောက်ယှက် ဖျက်ဆီးတက်သလို ရဲကလည်း ရံဖန်ရံခါ သူတို့တွေကို ကူညီထောက်ပံ့ပေးလေ့ ရှိပါတယ်။

လိင်တူဆက်ဆံမှုအပေါ် မစ္စတာ ခွန်နွန်ဂါရဲ့ ရှေးရိုးဆန်တဲ့ ရပ်တည်ချက်ကြောင့် အင်္ဂလိ ကန် ခရစ်ယန် ဘုရားကျောင်းက သူ့ကို သာသနာက ဖယ်ကြဉ်ထားတာ ဖြစ်ပေမယ့် သူဟာ သမ္မ မူဂါဘေ အစိုးရရဲ့ ထောက်ခံ အားပေးမှု ရနေသူ တယောက် ဖြစ်ပါတယ်။