ဟာဇာရေဟာ သောကြာနေ့အထိ ထောင်ကမထွက်လို့ ဆို

  • 18 ဩဂုတ် 2011
India Hazare ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ဟာဇာရေကို ထောက်ခံသူများ

အိန္ဒိယနိုင်ငံမှာ အဂတိ လိုက်စားမှု တိုက် ဖျက်ရေး လှုံ့ဆော်ရင်း အဖမ်းခံခဲ့ရတဲ့ မစ္စတာ အန်နာ ဟာဇာရေဟာ အာဏာပိုင် တွေနဲ့ ညှိနှိုင်း သဘောတူ ညီမှုရခဲ့ပေမယ့် သောကြာနေ့အထိ ထောင်ကနေ ထွက်ခွာ မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မစ္စတာ ဟာဇာရေကို အင်္ဂါနေ့က ဖမ်းဆီးခဲ့ တဲ့အတွက် နိုင်ငံတဝန်း ဆန္ဒပြမှု တွေလည်း ဖြစ်ခဲ့ပါတယ်။

မစ္စတာ ဟာဇာရေဟာ သူအစာငတ်ခံ ဆန္ဒပြဖို့ စီစဉ်ထားတဲ့ နယူးဒေလီက နေရာတစ်ခုကို ထောင်ကနေ ထွက်ထွက်ချင်း တန်းသွားဖို့ ဆန္ဒရှိပေမယ့် လူအများအပြား ပါဝင် ပူးပေါင်း လုပ်ဆောင် နိုင်ဖို့တော့ ပြင်ဆင်ရ ဦးမယ်လို့ မစ္စတာ ဟာဇာရေရဲ့ လက်ထောက် တစ်ဦးက ပြောပါတယ်။

မစ္စတာ ဟာဇာရေ အနေနဲ့ ၁၅ ရက် အစာငတ်ခံ ဆန္ဒပြခွင့်ရမယ်လို့ သူနဲ့ အာဏာပိုင်တွေ သဘောတူညီမှု ရခဲ့ပါတယ်။

မစ္စတာ ဟာဇာရေဟာ အိန္ဒိယ အစိုးရရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းမှာ ဒီထက် ပိုမို ပြင်းပြင်း ထန်ထန် တိတိ ကျကျ လုပ်ဆောင် နိုင်မယ့် အချက်တွေ ပါဝင်ဖို့ အတွက် ဖိအား ပေးနေတာ ဖြစ်ပါတယ်။