အစ္စရေးဘတ်စ်ကားတွေ အတိုက်ခိုက်ခံရ

  • 18 ဩဂုတ် 2011
Israel ဓာတ်ပုံ မူပိုင် Reuters
Image caption ခရီးသည်တွေထဲမှာ စစ်သားတွေကိုပါ တင်ဆောင်လာတဲ့ ဘတ်စ်ကား

အစ္စရေးတောင်ပိုင်း၊ အီဂျစ်နယ်စပ်အနီးမှာ အမည်မသိ သေနတ်သမားတွေရဲ့ တိုက်ခိုက် မှုကြောင့် လူအများအပြား သေကြေ ဒဏ်ရာ ရမှုတွေ ရှိခဲ့ပါတယ်။

ပထမအဖြစ်အပျက်ကတော့ အစ္စရေး ဘတ်စ် ကားတစ်စီး ကို သေနတ်သမားတွေက ပစ်ခတ်ခဲ့သလို ဒုတိယ ဘတ်စ်ကားတစ်စီးကို လည်း ဗုံးခွဲတိုက်ခိုက် ခံရတယ်လို့ အစ္စရေး မီဒီယာတွေမှာ ဖော်ပြပါတယ်။

ပထမအဖြစ်အပျက်အနီးမှာတော့ အစ္စရေး တပ်သားတွေရှိနေလို့ သေနတ်သမားတွေကို တန်ပြန် တိုက်ခိုက်ရာမှာ သေနတ်သမား ၂ ဦးသေဆုံးခဲ့ပါတယ်။

ဒေသတွင်း ဆေးရုံမှာတော့ လူ ၂၅ ဦးကို အရေးပေါ် ကုသပေးနေရပြီး အများစုက စစ်သားတွေ ဖြစ်တယ်လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

အစ္စရေး တပ်ဘက်က ဘီဘီစီကို ပြောရာမှာတော့ တိုက်ခိုက်သူတွေဟာ ဂါဇာက လာတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။