ဗြိတိသျှ ကောင်စီကို အာဖဂန်သူပုန် တိုက်ခိုက်

  • 19 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption တိုက်ပွဲ ဖြစ်နေစဉ် မြင်ကွင်း

ကာဘူးလ်မြို့ ဗြိတိသျှ ကောင်စီရုံးကို အာဖဂန်လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။

သေဆုံး သူ အများစုဟာ အာဖဂန် ရဲတွေ ဖြစ်ပါတယ်။ သူပုန်တွေကတဘက် အာဖဂန်ကွန်မန်ဒိုတွေနဲ့ နယူးဇီလန် အထူးတပ်ဖွဲ့တို့က တဘက် အတော်အချိန်ကြာအောင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးနောက် သူပုန်အားလုံး သေဆုံးခဲ့ပါတယ်။

ဗြိတိန်လက်အောက်ကနေ အာဖဂန်နစ္စတန် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၁၉ခုနှစ်ရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့တာလို့ တာလီဘန်က ပြောပါတယ်။

အခုလို တိုက်ခိုက်တဲ့ အတွက် အာဖဂန်နစ္စတန်မှာ ဗြိတိန်ကဆောင်ရွက်နေတဲ့ ကိစ္စတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။