ပါကစ္စတန် ပေါက်ကွဲမှု ၄၀ ကျော်သေဆုံး

  • 19 ဩဂုတ် 2011
pakistan bomb ဓာတ်ပုံ မူပိုင် AFP
Image caption ပါကစ္စတန် ပလီ ပေါက်ကွဲမှု

ပါကစ္စတန် အနောက်မြောက်ပိုင်း ခိုက်ဘာ ပြည်နယ် က ပလီတခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားချိန် ပလီထဲမှာ ရာဂဏန်းတချို့အရေအတွက်ရှိတဲ့ ဝတ်ပြုဆုတောင်းသူတွေ ရှိနေကြပါတယ်။

အနည်းဆုံး နောက်ထပ် လူ ၇၀ ဒဏ်ရာရခဲ့ပြီး အများစုရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေကို ပက်ရှ်ဝါဆေးရုံပေါ်မှာ ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

ဆရာဝန်တွေရဲ့ အပြောအရ ဒဏ်ရာရသူ အများစုဟာ မီးလောင်ကျွမ်းတဲ့ ဒဏ်ရာနဲ့ ဗုံးဆံ ထိမှန်ခံရတဲ့ ဒဏ်ရာရရှိ ထားကြတယ်လို့ ဆိုပါတယ်။

စောစောပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေကတော့ အခုတိုက်ခိုက်မှုဟာ အသေခံဗုံးခွဲမှုလို့ ဆိုပါတယ်။

ခိုက်ဘာပြည်နယ်ဟာ လက်နက်ကိုင် သူပုန်အချင်းချင်း တိုက်ခိုက်ကြတဲ့ ရာဇဝင်ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။