လုံခြုံရေးတွေကြောင့် ဆီးရီးယား ဆန္ဒပြသူ ၂၀ သေဆုံး

  • 20 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption စစ်ရေးအရ မတိုက်တော့ဘူးလို့ သမ္မတ Assad ကတိပေး

ဆီးရီးယားနိုင်ငံမှာ စစ်ရေး တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားပြီလို့ သမ္မတ Assad က အာမခံ ပြောခဲ့စဉ်မှာပဲ အစိုးရဆန့်ကျင်သူ ထောင်ပေါင်းများစွာ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြရာမှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ အနည်းဆုံး လူ ၂၀ သေဆုံး ခဲ့တယ်လို့ အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။

သေဆုံးမှု အများစုဟာ Deraa ပြည်နယ်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

Damascus မြို့နဲ့ လောလောဆယ် အကြမ်းဖက် တိုက်ခိုက်မှု အနည်းအပါးသာ ဖြစ်ခဲ့တဲ့ Aleppo မြို့တွေရဲ့ ဆင်ခြေဖုံးတွေမှာလည်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေဟာ လက်နက်ကိုင် ဂိုဏ်းတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဆီးရီးယား ပြန်ကြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးက ဘီဘီစီကို ထပ်မံ ပြောခဲ့ပါတယ်။