အမေရိကန် ၂ ဦးကို အီရန် ထောင်ဒဏ်ချမှတ်

  • 20 ဩဂုတ် 2011
iran hikers ဓာတ်ပုံ မူပိုင် AP
Image caption အီရန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် လူငယ်များ

အီရန် နိုင်ငံ ထဲကို တရား မဝင် ခိုးဝင်မှုနဲ့ သူလျှို လုပ်မှု တွေနဲ့ အမေရိကန် လူငယ် ၂ ဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ် လိုက်တယ် လို့ အီရန် နိုင်ငံပိုင် ရုပ်မြင် သံကြား မှာ ကြေငြာ သွားပါတယ်။

ဒီ လူငယ် ၂ ဦးကတော့ Shane Bauer နဲ့ Josh Fattal တို့ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ် လောက်က အီရတ် နိုင်ငံ အတွင်း ကနေ နယ်စပ် ကို ဖြတ် ကျော် ပြီး အီရန်ထဲကို ဝင်ရောက် လာခဲ့ တယ် ဆိုပြီး ဖမ်းဆီး ထားခဲ့ တာ ဖြစ် ပါတယ်။

ဒါပေမယ့် သူတို့ကတော့ အီရတ် နိုင်ငံထဲမှာ တောင်တက် ခရီး နှင်နေစဉ် အတွင်း အီရန် ပိုင်နက် ထဲကို မတော်တဆ ဝင် ရောက်လာခဲ့ မိတာ လို့ ဆိုပါတယ်။

သူတို့ဘက်က ရှေ့နေကတော့ ဒီကိစ္စ အတွက် အယူခံ ဝင်သွား မယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီးဌာန က ပြောခွင့်ရသူ အမျိုးသမီး ကတော့ ဒီသတင်း နဲ့ ပတ်သက် ပြီး အတည်ပြုနိုင် ဖို့ ကြိုးစား နေတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဒီလူငယ် ၂ ဦးဟာ ဒီကိစ္စ မတိုင်ခင် ကထဲက အကျဉ်းကျခံနေရ တာ ဖြစ်ပြီး အတော်တောင် ကြာနေပြီလို့ ဆိုလိုက်ပါတယ်။

သူတို့ ၂ ဦးနဲ့ အတူ ဖမ်းဆီး ခံခဲ့ ရတဲ့ Sarah Shourd ကတော့ မနှစ် က အာမခံနဲ့ ပြန် လွတ် လာ ခဲ့ပြီး အခု အမေရိကန် ကို ပြန်ရောက် နေပြီ ဖြစ် ပါတယ်။