လစ်ဗျားသူပုန်တွေ ထရီပိုလီကို ဦးတည်ချီတက်

  • 20 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မဟာဗျူဟာကျတဲ့ မြို့အားလုံးကို ထိန်းချုပ် ထား လိုက်ပြီလို့ သူပုန်ဘက်ကပြော

လစ်ဗျားသူပုန်တွေရဲ့ စစ်ကြောင်းတွေဟာ မြို့တော် ထရီပိုလီ တခုတည်းကိုသာ ဦးတည် ချီတက်လာနေကြပြီ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်း သူပုန်တွေဘက်က ထုတ်လွှင့် တဲ့ ရုပ်သံကနေ သူတို့ ဝင်ရောက်လာတော့မှာ ဖြစ်တဲ့ အတွက် ထရီပိုလီမြို့က ပြည်သူတွေ အနေနဲ့ အဆင့်သင့်ဖြစ်နေ ကြဖို့ကို ပြန်ကြား သွားပါတယ်။

ထရီပိုလီ အနောက်ဘက်က ဇဝီရာမြို့လယ်ကို သိမ်းပိုက်ပြီးနောက် နောက်ထပ် မဟာဗျူဟာမြောက် အရှေ့ဘက်က ဘရီဂါ ဆိပ်ကမ်းမြို့ ကိုလည်း သိမ်းပိုက်လိုက်ပြီလို့ သူပုန်တွေက ပြောပါတယ်။

ဘရီဂါမြို့ကနေ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ထရီပိုလီ အရှေ့ဘက်က ဇလီတန်မြို့ကို ထိန်းချုပ်နိုင်ရေး အတွက် တိုက်ခိုက်ရာမှာ သေကျေ ထိခိုက်မှုတွေ အများအပြား ရှိခဲ့တယ်လို့လည်း သူပုန်တွေက သတင်းထုတ်ပြန် ထားပါတယ်။