Oslo မြို့မှာ ဗုံးခွဲ သေနတ်ပစ်မှု တလမြောက် အခမ်းအနား ကျင်းပ

  • 22 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption နော်ဝေ ဝန်ကြီးချုပ် Jen Stoltenberg

နော်ဝေနိုင်ငံ လွန်ခဲ့တဲ့ တလတုန်းက ဗုံးခွဲ သေနတ်ပစ်ခတ်မှု ကြောင့် သေဆုံးရသူတွေအတွက် အမျိုးသားရေး ဆိုင်ရာ အောက်မေ့ဖွယ် အခမ်းအနား Oslo မြို့မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ သေဆုံးသူတွေရဲ့ ဆွေမျိုး မိသားစုဝင်တွေ ၊ ဒီအဖြစ်အပျက်မှာ အသက်မသေဘဲ ကျန်ရစ်သူတွေနဲ့ အတူ နိုင်ငံရေးလောက လွှတ်တော် အမတ်တွေ ၊ အရေးပေါ် ဌာန ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ တော်ဝင် မိသားစု တို့ တက်ရောက်ခဲ့ပါတယ်။

အမုန်းတရားတွေကို အတူလက်တွဲပြီး နော်ဝေ ပြည်သူတွေ အနိုင်ယူလိုက် နိုင်ခဲ့ ပါပြီလို့ ဝန်ကြီးချုပ် Jens Stoltenberg က ပြောပါတယ်။

အဲဒီ အော်စလိုမြို့ပေါ်က ဗုံးခွဲ တိုက်ခိုက်မှုနဲ့ အူတိုရာ ကျွန်းပေါ်က ပစ်ခတ်မှု ကြောင့် လူ ရရယောက် သေဆုံးခဲ့ရပြီး ဒါတွေကို သူတယောက်တည်း ကျူးလွန်ခဲ့တာလို့ အပြစ်ဝန်ခံသူကို ဖမ်းထားကြောင်း သိရပါတယ်။