ဆန္ဒပြမှုတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ကိုင်တွယ် ဖြေရှင်းသွားမယ်

  • 22 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယား သမ္မတ Bashar al-Assad

ဆီးရီးယား နိုင်ငံမှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ငါးလကြာ ဖြစ်ခဲ့ပေမယ့် သူ့အစိုးရ ဆင်းပေးရမယ့် အခြေအနေမျိုး မရှိဘူးလို့ သမ္မတ Bashar al-Assad က ပြောကြားလိုက်ပါတယ်။

အစိုးရပိုင် ရုပ်မြင်သံကြား မေးမြန်းခန်းတခုမှာ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တုန့်ပြန်ပြောကြားရာမှာ ဆီးရီးယား နိုင်ငံမှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းတခုတည်းနဲ့သာ အဖြေရှာလို့ရနိုင်မှာ ဖြစ်တယ်၊ လမ်းပေါ် ထွက် ဆန္ဒပြမှုတွေကိုတော့ လုံခြုံရေး တပ်ဖွဲ့တွေက တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လလယ် ကတည်းက သမ္မတ အာဆက်ဒ် ရာထူးက ဆင်းပေးရေး ဆန္ဒပြပွဲ တွေ ဖြစ်နေခဲ့ရာမှာ အခုတွေ့ဆုံမေးမြန်းခန်းဟာ သမ္မတ အာဆက်ဒ်ကို လူမြင်ကွင်းမှာ စတုတ္တ မြောက် တွေ့ရတာ ဖြစ်ပါတယ်။