ဆီးရီယား အရေး လူ့အခွင့် အရေး ကောင်စီမှာ ဆွေးနွေး

  • 22 ဩဂုတ် 2011
Human Rights Commissioner ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆွေးနွေးပွဲမှာ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး နာဗီပီလေး တက်ရောက်

ဆီးရီးယား နိုင်ငံမှာ ဆက်လက် ဖြစ်ပွား နေတဲ့ အကြမ်းဖက် ဖိနှိပ်မှု တွေနဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီ က ဂျီနီဗာ မှာ အထူး အစည်း အဝေး ခေါ်ပြီး ဆွေးနွေး နေပါတယ်။

ခုအစည်း အဝေးကနေ ဆီးရီးယား သမ္မတ ဘရှာ အယ်လအာဆတ်ကို ဆန္ဒ ပြမှုတွေကို ဖိနှိပ်မှုတွေ အတွက် ပြစ်တင်ရှုံ့ချတဲ့ ပြဌာန်း ဆုံးဖြတ်ချက် တစောင် ကျလာဖွယ် ရှိပါတယ်။

ခုလ အစောပိုင်းကလည်း ကုလသမဂ္ဂက စုံစမ်း စစ်ဆေးရေး သမားတွေက ဆီးရီးယား လုံခြုံရေး တပ်တွေဟာ နေရာ အတော်များများမှာ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဆီးရီးယားက ဆန္ဒပြမှုတွေဟာ ခုဆိုရင် ငါးလ ရှိလာပြီဖြစ်ပေမယ့် သမ္မတ အာဆတ်ကတော့ သူ့ အစိုးရ ပြုတ်ကျမဲ့ အန္တရယ် မရှိဘူးလို့ မနေ့က ပြောခဲ့ပါတယ်။