ကဒါဖီရဲ့ ခြံဝင်းကို သူပုန်တွေ သိမ်းလိုက်ပြီ

  • 23 ဩဂုတ် 2011
Libya
Image caption ကဒါဖီရဲ့ ဦးခေါင်းပုံကို သူပုန်တွေက နင်းပြီး အောင်ပွဲ ခံနေကြ

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီရဲ့ Bab al-Aziziya ခြံဝင်းထဲကို သူပုန် တပ်ဖွဲ့ဝင်တွေ က ထိမ်းချုပ် လိုက်ပါပြီ။

၁၉၈၆ ခုနှစ်တုန်းက ဒီခြံဝင်းကို အမေရိကန်တို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ ပေမယ့်ကဒါဖီ အသက်ဘေးက လွတ်မြောက် သွားခဲ့တဲ့ အထိမ်း အမှတ် ရုပ်တုကို သူပုန် တွေက ဝိုင်းဖျက်ဆီးဖို့ ကြိုးစား ခဲ့ကြ သလို ကဒါဖီရဲ့ ဦးခေါင်းပုံ ရုပ်တု ကိုလည်း ဝိုင်းပြီး ကန်ကျောက် ခဲ့ကြပါတယ်။

သူပုန်ဘက်က ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဂူမာအယ်လ်ဂါမာတီ က ဗိုလ်မှူးကြီး ကဒါဖီရဲ့ အိမ်ဝင်းထဲကို သူပုန်တွေ ဝင်ရောက်နေတဲ့ ပုံရိပ်တွေဟာ အတိုက်အခံတွေ အတွက် စိတ်ဓါတ်ရေးရာ အရ သိပ်ကို အရေး ပါတယ်လို့ ပြောပါတယ်။

ထရီပိုလီမြို့တော် ရဲ့ နေရာ အတော်များများကို သူပုန်တွေက ထိမ်းချုပ် ထားနိုင်ပြီ လို့ သူပုန်တွေက ပြောပေမယ့် အခြေအနေက မတည်ငြိမ် သေးပါဘူး။

ဓာတ်ပုံ မူပိုင် no credit
Image caption နာရီ အတော်ကြာ တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် မှာမှ ကဒါဖီရဲ့ ခြံထဲကို သူပုန်တွေ ဝင်နိုင်ခဲ့ကြ

ခုချိန်မှာတော့ လစ်ဗျား နိုင်ငံမှာ ကဒါဖီရဲ့ အုပ်ချုပ်မှု တကယ်ဘဲ အဆုံးသတ် သွားပြီဆိုတဲ့ ခံစားမှုမျိုး ဖြစ်နေကြတယ်လို့ ထရီပိုလီ မြို့တော်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Rana Jawad ကပြောပါတယ်။

ထရီပိုလီ မြို့တော်ကနေ ဆုတ်ခွာနေကြတဲ့ သူပုန်တွေဟာ Sirte မြို့ဘက်ကို ဦးတည် သွားနေကြတယ်လို့ သတင်းတွေက ဆိုပြီး၊ ဗိုလ်မှူးကြီး ကဒါဖီ ကိုယ်တိုင်လည်း အဲဒီမှာ ရှိနေနိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။

ဒါပေမယ့် ဗိုလ်မှူးကြီး ကဒါဖီ နဲ့ သူ့မိသားစာ အခု ဘယ်မှာ ရောက်နေသလဲ ဆိုတာတော့ ရှင်းရှင်း လင်းလင်းမသိရ သေးပါဘူး။

လစ်ဗျား နောက်ဆုံး သတင်း ကိုဒီနေရာမှာ တိုက်ရိုက် ကြည့်နိုင် ပါတယ်