ဆီးရီးယားကို ပိတ်ဆို့ဖို့ ဥရောပ စလုပ်

  • 24 ဩဂုတ် 2011
Syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားမှာ ဆန္ဒပြနေတာ ငါးလ ရှိသွားပါပြီ။

ဆီးရီးယား အစိုးရကို ဒဏ်ခပ် ပိတ်ဆို့မယ့် ကုလသမဂ္ဂရဲ့ ပြဌာန်း ဆုံးဖြတ်ချက် မူကြမ်းကို အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ဥရောပ သမဂ္ဂ နိုင်ငံတွေက ရေးဆွဲ ထားပြီးပြီလို့ အီးယူက ပြောပါတယ်။

ဒီ ပြဌာန်း ဆုံးဖြတ်ချက် မူကြမ်းကို လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေဆီ ပို့ထားတယ်လို့ ပြင်သစ် သံတမန်တွေက ပြောပါတယ်။

လုံခြုံရေး ကောင်စီထဲမှာ ဗီတိုရှိတဲ့ ရုရှက ဆီးရီးယား သမ္မတ အာဆတ်ကို ဒဏ်ခပ် ပိတ်ဆို့မှု လုပ်ဖို့ အချိန် မကျသေးဘူးလို့ ပြောပါတယ်။

တဘက်မှာ ဆန္ဒပြသူတွေကို ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖိနှိပ်ခဲ့မှုကို သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှု တခု လုပ်ဖို့ လူ့အခွင့်အရေး ကောင်စီက ညွှန်ကြား ချက် ထုတ်ခဲ့ပါတယ်။

စုံစမ်း စစ်ဆေးမှုလုပ်ဖို့ အဆိုပြုချက် တင်တော့ ရုရှနဲ့ တရုတ်က ကန့်ကွက်ခဲ့ပါတယ်။