ဆီးရီးယားအရေး စုံစမ်းရေး ဖွဲ့ဖို့ ကုလ ဆုံးဖြတ်

  • 23 ဩဂုတ် 2011
Image caption လုံခြုံရေးတွေရဲ့လက်ချက်နဲ့ ဆန္ဒပြသူ ထောင်နဲ့ ချီ သေခဲ့

ဆီးရီးယား အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်ပြီး ပြီးပြည့်စုံတဲ့ စုံစမ်း စစ်ဆေးမှု တစ်ခု လုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။

ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် နှိမ်နှင်းခဲ့မှုကြောင့် ဆန္ဒပြသူ အနည်းဆုံး နှစ်ထောင့် နှစ်ရာလောက် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ က အရေးပေါ် အစည်းအဝေးတစ်ခု မှာ ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ရုရှားနဲ့ တရုတ်တို့ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ တဖက်သတ်နိုင်ပြီး နိုင်ငံရေး ဆန်လွန်းနေတယ် ဆိုပြီး ဗီတို အာဏာနဲ့ ကန့်ကွက် ခဲ့ကြ ပါတယ်။

ကုလသမဂ္ဂ စုံစမ်း စစ်ဆေးသူတွေနဲ့ ဆီးရီးယား အာဏာပိုင်တွေ ပူးပေါင်း ဆောင်ရွက် ပါ့မလားဆိုတာကတော့ မေးစရာ ဖြစ်နေပါတယ်။