ပြင်သစ်မှာ ခြိုးခြံချွေတာရေး အစီအစဉ်ကို အတည်ပြု

  • 25 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ် သမ္မတ Nicolas Sarkozy

ပြင်သစ်နိုင်ငံမှာ မကြာသေးခင်နှစ်တွေ အတွင်း အဆိုးရွားဆုံး အစိုးရ အသုံးစရိတ် ဖြတ်တောက်မှု လုပ်ခဲ့တဲ့ ဘတ်ဂျက် ဒေါ်လာ ၁၆ ဘီလီယံ ကျော် ထပ် လျော့ချမယ့် အစီအစဉ်ကို အတည်ပြု လိုက်ပါပြီ။

ဒီခြိုးချန်ချွေတာရေး အစီအစဉ်တွေထဲက ကုမ္ပဏီတွေနဲ့ အချိန်ပို အလုပ်လုပ်သူတွေ ဆီကနေ အခွန်တိုးကောက်ပြီး ဝင်ငွေခွန်အမြှင့်ဆုံး နှုန်းနဲ့ ပေးနေတဲ့ သူတွေဆီကနေ နောက်ထပ် သုံးရာခိုင်နှုန်း တိုးကောက်မယ့် အစီအစဉ် ပါလိမ့်လို့ ယူဆရပါတယ်။

ပြင်သစ်ရဲ့ စီးပွားရေး တိုးတက်မှုမရှိဘဲ တန်းနေပြီး အကြွေးယူနိုင်ခွင့် သတ်မှတ်တဲ့ စံနှုန်းကို အေသုံးလုံး အဆင့်ကနေ လျော့ကျသွားမှာကို စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေ တာကြောင့် ဘဏ္ဍာရေး စျေးကွက်မှာ ယုံကြည် စိတ်ချမှု ရအောင် လိုအပ်တဲ့အရာမှန်သမျှ လုပ်ဆောင်ပြီး လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ ထောက်ခံမှု ရအောင် သမ္မတ ဆာကိုဇီးက ကြိုးစားသွားလိမ့်မယ်လို့ ယူဆရကြောင်း ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။