ရုရှား လူမဲ့ ကုန်တင် အာကာသယာဉ် ပျက်ကျ

  • 25 ဩဂုတ် 2011
Image caption အာကာသယာဉ် တမျိုး

နိုင်ငံတကာ အာကာသ စခန်းကို လွှတ်တင်လိုက်တဲ့ ရုရှားက ကုန်တင် အာကာသယာဉ် တစင်းဟာ စခန်းကို မရောက်ဘဲ ပျက်ကျသွားပါတယ်။

ဒါဟာ နှစ်ပေါင်းသုံးဆယ်ကျော် အတွင်း ပထမဆုံး အကြိမ် ဖြစ်ခဲ့တာပါ။

အဲဒီ လူမပါတဲ့ အာကာသယာဉ်ဟာ ဂြိုလ်ပတ် လမ်းကြောင်းထဲ မရောက်ဘဲ မွန်ဂိုလီးယားနဲ့ တရုတ် နယ်စပ်နားက ရုရှားရဲ့ ဆာဘီယန်း ဒေသက Altai အယ်တိုင်း အရပ်မှာ ပျက်ကျ သွားခဲ့ တယ်လို့ ရုရှားနဲ့အ မေရိကန် အာကာသ ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ဒီအာကာသယာဉ်ဟာ နိုင်ငံတကာ အာကာသယာဉ် စခန်းက ဝန်ထမ်းတွေအတွက် ရေ၊ အစားအစာ ၊ အောက်စီဂျင်နဲ့ စွမ်းအင်လောင်စာ နှစ်တန်ခွဲကျော်ကို သယ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် အာကာသယာဉ် စခန်းမှာ စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေ နောက်ထပ် လအတန်ကြာ အထိ အလုံအလောက် ရှိနေသေးတာကြောင့် ဒီယာဉ်ပျက်ကျမှုက စခန်းက အခြေအနေကို မထိခိုက် နိုင်ဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။