Apple ကုမ္ပဏီ တည်ထောင်သူ Steve Jobs နှုတ်ထွက်

  • 25 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption Steve Jobs အလုပ်ထွက် ပေမယ့် ဥက္ကဌ ရာထူး ယူထားဆဲ

Apple ကွန်ပြူတာ ကုမ္ပဏီကြီးကို တည်ထောင်သူ Steve Jobs ဟာ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ရာထူးက နေ ရုတ်တရက် နှုတ်ထွက်သွားပါတယ်။

ပန်ကရိယ ကင်ဆာ ခံစားနေရတဲ့ မစ္စတာ ဂျော့ဘ်စ်ဟာ ဆေးခွင့်ယူထားပြီး သူ့ကျန်းမာရေး အခြေအနေကိုတော့ ထုတ်ဖော် မပြောခဲ့ပါဘူး။

သူဟာ ကုမ္ပဏီ ဥက္ကဌ ရာထူးကို ဆက်လက် ယူထားမှာ ဖြစ်ပြီး အမှုဆောင် အရာရှိချုပ် နေရာမှာ စီမံခန့်ခွဲရေး အရာရှိချုပ် Tim Cook တင်မ် ကွတ်ခ်က အစားထိုး တာဝန်ယူမယ်လို့ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ ဂျော့ဘ်စ်ဟာ ဆန်းသစ်တဲ့ နည်းပညာ ဆိုင်ရာ ကုန်ပစ္စည်းသစ် အတော်များများကို ထုတ်လုပ်ရာမှာ ဦးဆောင်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှုကို ခံရသူ ဖြစ်ပါတယ်။