Bank of America မှာ ဘတ်ဖက် ရင်းနှီးမြှုပ်နှံ

  • 26 ဩဂုတ် 2011
BofA ဓာတ်ပုံ မူပိုင် AFP
Image caption ဘတ်ဖက် အချီကြီး ပုံအောလိုက်တဲ့ အမေရီးကား ဘဏ်

ကမ္ဘာမှာ အချမ်းသာဆုံး ရင်းနှီး မြှုပ်နှံ သူတွေထဲ တဦး အပါအဝင် ဖြစ်တဲ့ ဝါရင် ဘတ်ဖက်က သူ့ရဲ့ ဘာ့ရှိုင်းယာ ဟယ်သဝေး ကုမ္ပဏီက တဆင့် ဘန့်အော့ဖ အမေရိကား ဘဏ်ကြီးမှာ ဒေါ်လာ ငါးဘီလီယံ ရင်းနှီး မြှတ်နှံမယ်လို့ ကြေညာခဲ့ပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်တွေ အတွက် ဘဏ်ကချေးထားတဲ့ ပိုက်ဆံတွေ ဆုံးမှာကို ရင်းနှီးမြှတ်နှံသူတွေက စိုးရိမ်ပြီး ဘဏ်ရဲ့ ရှယ်ယာတွေကို ရောင်းရာကနေ ဘန့်အော့ဖ အမေရိကားရဲ့ ရှယ်ယာစျေးတွေဟာ ဒီနှစ်အစ ကနေ ခုထိ ရှစ်လ အတွင်းမှာ တဝက်ကျော် ကျဆင်းခဲ့ပါတယ်။

ဝါရင် ဘတ်ဖက်ရဲ့ ရင်းနှီးမြှုပ်နှံမှု သတင်းကြောင့် ဘဏ်ပေါ်မှာ တခြားလူတွေ ယုံကြည်မှု တက်လာပြီး ဘန့်အော့ဖ အမေရိကားရဲ့ ရှယ်ယာစျေးတွေဟာ နှစ်ရက် အတွင်းမှာ နှစ်ဆယ် ရာခိုင်နှုန်းကျော် ပြန်တက် လာခဲ့ပါတယ်။