လစ်ဗျားမှာ တိုက်ခိုက်မှုတွေ ရှိနေဆဲ

  • 25 ဩဂုတ် 2011
Image caption Sirte မြို့ကို ချီတက်ရာလမ်းက သူပုန်တွေ

လစ်ဗျားမြို့တော် ထရီပိုလီကို သူပုန်တပ်တွေ ဝင်ရောက်ခဲ့ပြီး လေးရက်ကြာတဲ့ အထိ မြို့တွင်းနေရာ တော်တော်များများမှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။

ကြာသပတေးနေ့နေ့လယ်မှာတော့ မြို့လယ်က သတင်းထောက်တွေ တည်းခိုရာ ကိုရင်သီယန် ဟိုတယ်နားမှာ စက်သေနတ်တွေနဲ့ ပစ်ခတ်သံတွေကြားနေရတယ်လို့ ထရီပိုလီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ကဒါဖီကို သစ္စာခံတဲ့ စနိုက်ပါ သေနတ်သမားတွေကလည်း မြို့ထဲမှာ ချောင်းပစ်မှုတွေ လုပ်နေဆဲပါ။

မြို့တွင်းလမ်းတွေပေါ်မှာ လူတွေ ရှင်းနေပြီး စျေးဆိုင်တွေလဲ ပိတ်နေတယ်၊ အစားအသောက်နဲ့ ရေ မီးတွေလဲ ပြတ်တောက်နေတယ်လို့ ပြောပါတယ်။

ကဒါဖီရဲ့မွေးရပ် Sirte မြို့ကို သူပုန်တွေချီတက်နေကြပြီး လမ်းတလျှောက်မှာ ကဒါဖီဘက်တော်သားတွေနဲ့ ရော့ကက်လောင်ချာတွေသုံးပြီး အကြီးအကျယ် တိုက်ခိုက်နေကြပါတယ်။

ကဒါဖီဘက်က အရှေ့ပိုင်းက မြို့တွေကို ထိန်းချုပ်ထားဆဲဖြစ်သလို တောင်ပိုင်းက Sabba မြို့ကိုလည်း ထိန်းထားတုံးဖြစ်ပါတယ်။

ကဒါဖီကိုယ်တိုင်းက ရာထူးကဆင်းတယ်လို့ ကြေငြာမှ သူ့ဘက်တော်သားတွေ ခုခံမှုရပ်ကြမဲ့ပုံပေါ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။