အယ်ဂျီးရီးယားမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရ

  • 27 ဩဂုတ် 2011
Image caption ၂ဝဝရ ခုနှစ်တုန်းက ဗုံးဒဏ်ကြောင့် ပျက်စီးဖူးတယ်

အယ်ဂျီးရီးယား နိုင်ငံ Algiers အနောက်ဖက် ကီလိုမီတာ ၁ဝဝ အကွာမှာ ရှိတဲ့ Cherchell မြို့က စစ်စခန်းတခုကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခံ ခဲ့ရတာကြောင့် လူ၁ဂယောက် သေဆုံး သွားတယ်လို့ သတင်းရရှိပါတယ်။

မွတ်ဆလင်တွေရဲ့ ရာမာဒန် ဥပုသ်ထွက်ချိန် စခန်းအဝင်ဂိတ်မှာ အသေခံ ဗုံးခွဲသမား နှစ်ယောက်ဟာ တယောက်က ဆိုက်ကယ်ပေါ်ကနေ သူတို့ကိုယ်သူတို့ ဖောက်ခွဲ တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေး ဝန်ထမ်းတယောက်က ပြောပါတယ်။

သေဆုံးသူ အများစုဟာ လုံခြုံရေးနဲ့ စစ်တပ် ဝန်ထမ်းတွေ ဖြစ်ပါတယ်။

အယ်ဂျီးရီယာ နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အစ္စလာမ် ဝါဒီ အဖွဲ့တွေကြား အရင်က ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးပါတယ်။