ကုလသမဂ္ဂရုံး တိုက်ခိုက်ခံရလို့ အကြီးအကျယ် ပျက်စီးသွား

  • 27 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ကုလသမဂ္ဂ အဆောက်အဦ အကြီးအကျယ် ပျက်စီး

နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် Abuja မြို့က ကုလသမဂ္ဂ ရုံးချုပ် အဆောက်အဦကို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အပြစ် ကျူးလွန်သူတွေကို တရားဥပဒေ အတိုင်း အပြစ်ပေးဖို့ မြေလှန်ရှာမယ်လို့ နိုင်ဂျီးယား သမ္မတ Goodluck Jonathan က ပြောကြားလိုက်ပါတယ်။

အသေခံ ဗုံးခွဲသမား တယောက်က အဆောက်အဦ ထဲကို ကားနဲ့ အတင်းမောင်း ဝင်ရောက်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ၁ဂယောက် သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စလာမ် ဝါဒီ အကြမ်းဖက် အဖွဲ့ Boko Haram က သူတို့ လက်ချက်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဒီဗုံးခွဲမှုဟာ အများပြည်သူတွေကို ကူညီဖို့ အသက်စွန့် တာဝန်ထမ်းဆောင်နေသူတွေကို တိုက်ခိုက်တာဘဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။