အမေရိကန်မှာ ဟာရီကိန်း Irene ဝင်မွှေတော့မယ်

  • 27 ဩဂုတ် 2011
Image caption အဆိုးဆုံးအတွက် ပြင်ထားဖို့ အိုဘားမား ပြောပြီ

အမေရိကန် ပြည်ထောင်စု အရှေ့ဖက် ကမ်းရိုးတမ်းမှာ ဒီနေ့ စနေနေ့မှာ Irene အမည်ရ ဟာရီကိန်း မုန်တိုင်း ဝင်မွှေမယ် ဆိုတဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကြောင့် ဒေသခံတွေက မုန်တိုင်း ကာကွယ်ရေး ပြင်ဆင်နေရာမှာ ကမ်းရိုးတမ်းနားက ရပ်ကွက်ငါးခုကနေ လူတွေကို မဖြစ်မနေ စွန့်ခွာကြဖို့ နယူးယောက်မြို့တော်ဝန်က ပထမအကြိမ် အမိန့်ထုတ်လိုက်ပါတယ်။

စနေ့နေ့ နေ့လည်ကတည်းက စပြီး နယူးယောက်မြို့ရဲ့ မြေအောက်ရထားလိုင်းကိုလည်း လုံးဝ ရပ်ထားမယ်လို့လည်း ဆိုပါတယ်။

စနေ့နေ့ စောစောမှာ ကုန်းတွင်းကို ဝင်မဲ့ ဟာရီကိန်းဒဏ်ကို အမေရိကန် အရှေ့ဖက် ကမ်းရိုးတမ်းက လူပေါင်းများစွာ ခံရဖို့ ရရှိပါတယ်။

သမိုင်း မကြုံစဖူး ထူးကဲတဲ့ ဟာရီကိန်း မုန်တိုင်း တိုက်ခိုက်ခံရဖို့ အခြေအနေ အရပ်ရပ်က ပြနေပြီး လာမယ့် ရက်ပိုင်းအတွင်း ဟာရီကိန်း အိုင်ရင်း ဒဏ်ခံရမလား ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် အမေရိကန် အစိုးရက ကြိုတင်ပြင်ဆင်မှု အပြည့်လုပ်ဆောင် ထားပါတယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည် နေရာ အနှံ့အပြားမှာ ရေကြီးပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ကြုံရနိုင်တဲ့ အခြေအနေမှာ အမေရိကန် ပြည်သူတွေ အနေနဲ့ အဆိုးဝါးဆုံး အခြေအနေ အတွက် ပြင်ဆင်ထားပါ၊ အရေးပေါ် ကယ်ဆယ် ကူညီရေး သတင်းထုတ်ပြန်ချက် တွေကိုလည်း အခါမလပ် စောင့်ကြည့်နေကြပါလို့ သမ္မတ အိုဘာမားက ဆော်သြ ထားပါတယ်။