ခြစားမှုတိုက်ဖျက်ရေး အိန္ဒိယပါလီမန်မှာ ဆွေးနွေး

  • 27 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ခြစားမှု တိုက်ဖျက်ရေးအတွက် တင်းကျပ်တဲ့ ဥပဒေ မပြဌာန်း သေးသ၍ ဆန္ဒဆက်ပြမယ်

အိန္ဒိယနိုင်ငံမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအတွက် တင်ပြချက် တွေအပေါ် ပါလီမန်မှာ အခြေ အတင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အခုလို ပါလီမန်က ဆွေးနွေးမှုတွေဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အတွက် အဓိကဦးဆောင် လှုံ့ဆော်နေသူ အန်နာ ဟာဇရေး အစာငတ်ခံ ဆန္ဒပြနေတာကို အဆုံးသတ်စေဖို့ ဖျောင်းဖျတဲ့ သဘောမျိုး အဖြစ် တွေ့မြင်ရပါတယ်။

မစ္စတာ ဟာဇရေးရဲ့ အစာငတ်ခံ ဆန္ဒပြမှုဟာ တနိုင်ငံလုံးကို ရိုက်ခတ်သွားခဲ့တာ ဖြစ်ပါ တယ်။

အိန္ဒိယခေါင်းဆောင်ဟာင်းကြီး မဟတ္တမ ဂန္ဓီကို ယုံကြည်သက်ဝင်တဲ့ မစ္စတာ ဟာဇရေးဟာ ၁၂ ရက်ကြာ အစာငတ်ခံ ဆန္ဒပြနေတာဖြစ်ပါတယ်။

မစ္စတာဟာဇရေးက အကတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် တင်းကျပ်တဲ့ ဥပဒေ ပြဌာန်း မှုတွေကို ပါလီမန်က မချမှတ် မချင်း ဆန္ဒပြမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။